Friday, March 30, 2012

ဟွန်ဒူးရပ်စ် ထောင်တွင်းရန်ပွဲဖြစ်ပွား


ဟူးဒူးရပ်စ်တွင် ထောင်တွင်းခိုက်ရန်ဖြစ်ပွားခဲ့ရာ အကျဉ်းသားအနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတွင်း ဒုတိယအကြီးဆုံးမြို့တော် ဆန်ပက်ဒရိုဆူလာရှိ အကျဉ်းထောင်တွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြိး လုပ်သေနတ် များ၊ ဓါးမြှောင်များ၊ ဓါးရှည်များဖြင့် ခုတ်ထစ်ပစ်ခတ်ခဲ့ကြသည်။ ခိုက်ရန်ဖြစ်ပွားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အကျဉ်း သားနှစ်ဦး မီးလောင်သေဆုံးခဲ့သည်။

အခြားအကျဉ်းထောင်တစ်ခုတွင် လွန်ခဲ့သော ၆ လခန့်ကမီးလောင်မှုဖြစ်ပွားပြီး အကျဉ်းသား ၃၁၆ ယောက်သေဆုံး ခဲ့ပြီးနောက် ယခုအခါ နောက်တစ်ကြိမ်ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထောင်တွင်း၌ လက်ပစ်ဗုံးများကိုင်ဆောင်ထားသော အကျဉ်းသားများထိန်းချုပ်ထားသော နေရာများရှိနေသေးသဖြင့် အမျိုးသားမီးသတ်ဦးစီးဌာန အကြီးအကဲ အယ်ဖွန်ဆိုမက်ဒီနာက နောက်ထပ်သေဆုံးမှုများထပ်မံဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ရန်ပွဲအဓိကရုဏ်းများကို ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း ဆန်ပက်ဒရိုဆူလာ ရဲမင်းကြီး ယဲရာမီဆာက ပြောသည်။
`ပစ်ခတ်စရာမလိုဘဲ အားလုံးကိုထိန်းသိမ်းလိုက်နိုင်ပါပြီ။` ဟု ဆိုသည်။

သေဆုံးသူအများစုမှာ မီးလောင်သေဆုံးခြင်း ၊ အသက်ရှုကြပ်၍သေဆုံးခြင်းများဖြစ်ကြောင်း သိရသည်။ သို့သော် ရုပ်ပျက်ဆင်းပျက်မီးလောင်ထားသော အလောင်းများဖြစ်ခြင်းကြောင့် သေဆုံးရခြင်း အကြောင်းရင်း အတိအကျကိုမူမသိရသေးကြောင်း ဆိုသည်။ အကျဉ်းသားတစ်ဦးမှာမူ ခေါင်းပြတ်ထွက်သွားကြောင်း ဆို၏။

ဆန်ပက်ဒရိုဆူလာသည် နိုင်ငံတွင်း အန္တရာယ်အကြီးမားဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသတ်မှုနှုန်း အမြင့်ဆုံးနေရာ နေရာတစ်ခုဖြစ်သည်။ ၂၀၀၇ ခုနှစ်အတွင်းကလည်း ယင်းမြို့ရှိ အကျဉ်းထောင်တစ်ခုမီးလောင်ခဲ့ရာတွင် အကျဉ်းသား ၁၀၇ ဦးသေဆုံးခဲ့ရသည်။

ဟွန်ဒူးရပ်စ်အကျဉ်းထောင်များသည် ဆောက်လုပ်ထားသည့် အဆောက်အဦထက် အကျဉ်းသားဦးရေက ၃၈ ရာခိုင်နှုန်း ပိုများနေကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာအကျဉ်းထောင်များလေ့လာရေးဌာနက ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။