Saturday, March 31, 2012

တရုတ်နိုင်ငံတွင် ကောလဟလဖြန့်ချိမှုဖြင့် ဝက်ဘ်ဆိုက်များ အပိတ်ခံရ


တရုတ်နိုင်ငံ၌ အွန်လိုင်းပေါ်တွင် ကောလဟလများဖြန့်သည်ဟူသော စွပ်စွဲချက်ဖြင့် ဝက်ဘ်ဆိုက် ၁၆ ခုကို ပိတ်ဆို့ လိုက်ပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

အဆိုပါအပိတ်ခံလိုက်ရသော ဝက်ဘ်ဆိုက်များတွင် `စစ်ကားများဘေဂျင်းမြို့အတွင်း ဝင်ရောက်လာနေသည်။ ဘေဂျင်းတွင် တစ်ခုခုဖြစ်နေပြီ။` ဟု ရေးသားထားကြောင်း အင်တာနက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲကပြောသည်။

အဆိုပါဖြစ်ရပ်ကို အတားအဆီးများ၊ အရေးယူခံရမည်ဟု ခြိမ်းခြောက်မှုများကြားမှ လူအများက စိတ်ဝင်စားစွာ ပြောဆိုနေကြလျက်ရှိလေသည်။
`ဆင်ဆာဖြတ်တောက်တယ်ဆိုတာ အစိုးရရဲ့ နိုင်ငံရေးပွင့်လင်းမြင်သာမှုမရှိလို့ဖြစ်ပါတယ်။`ဟု ဟောင်ကောင် တက္ကသိုလ်မှ ပါမောက္ခဂျိုးဇက်ချန်းက အယ်ဂျာဇီယာသို့ပြောသည်။
`အစိုးရသတင်းဌာနတွေက လွှင့်တဲ့သတင်းတွေကို လူတွေက မယုံကြည်ကြပါဘူး။ ဆင်ဆာတွေ အဆင့်ဆင့်ဖြတ်၊ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီးမှ ထုတ်လွှင့်နေလို့ဖြစ်ပါတယ်။`

ဘေဂျင်းရဲများသည် အင်တာနက်အသုံးပြုသူ အတော်များများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၆ ယောက်ဖမ်းဆီးထား ကြောင်း သိရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို မသိရပေ။

ဝက်ဘ်ဆိုက် ၁၆ ခုအပြင် တွစ်တာကဲ့သို့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်နှစ်ခုဖြစ်ပြီး တစ်ခုစီတွင် သုံးစွဲသူ သန်း ၃၀၀ ကျော်ခန့်ရှိ ဝက်ဘ်ဆိုက်နှစ်ခုတွင်လည်း သုံးရက်မျှ အသုံးပြု၍မရခဲ့ပေ။
`ကောလဟလ၊ တရားမဝင်၊ အန္တရာယ်ရှိသော သတင်းများ ဝက်ဘ်ဆိုက်များပေါ်တွင် ပျံ့နှံ့နေပြီး လူထုကြား ဆိုးကျိုးများဖြစ်ပွားစေခဲ့သည်။` ဟု ယင်းဝက်ဘ်ဆိုက်နှစ်ခုအနက် တစ်ခုဖြစ်သော Tencent ရေးသားထားလေသည်။

`မတ်လ ၃၁၊ နံနက် ၈ နာရီမှ ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီ အထိ Weibo တွင် ကွန်းမန့်ရေးသား ခြင်း များယာယီပြုလုပ်၍ မရပါ။` ဟု နောက်ထပ် ဝက်ဘ်ဆိုက်တစ်ခုတွင် ရေးသားထားသည်။

ဖေဖေါ်ဝါရီလလယ်ခန့်ကတည်းက ဘေဂျင်းရဲများသည် သံသယရှိသူ ၁၀၆၆ ယောက်ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမက်ဆေ့ခ်ျ ၂၀၈၀၀၀ ခန့် ဖျက်ထုတ်ပစ်ခဲ့ကြောင်း တနင်္ဂနွေနေ့က ဆင်ဟွာသတင်းဌာနက ကြေငြာခဲ့သည်။

ဘေဂျင်းရဲများသည် လက်နက်မှောင်ခို အရောင်းအဝယ်ပြုလုပ်ခြင်း၊ မူးယစ်ဆေး၊ ဓါတုအဆိပ်ဆေးဝါးများ၊ လူ့အင်္ဂါ အစိတ်အပိုင်းရောင်းဝယ်ခြင်းများကို လိုက်လံနှိမ်နင်းလျက်ရှိပြီး ယင်းနှင့်ဆက်စပ်သံသယရှိသော ဝက်ဘ်ဆိုက်ပေါင်း ၃၁၁၇ ခုကို သတိပေးထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။