Tuesday, March 20, 2012

ဖိလစ်ပိုင် ပန်းပဲဖိုမှ ဓါးများ အမေရိကန်သို့တင်ပို့ (ဗွီဒီယိုသတင်း)

The Last Samurai ဇါတ်ကားမှ တွမ်ခရုစ်ကိုင်ခဲ့သော ဓါးပုံစံတူ





ဖိလစ်ပိုင်တောင်ပိုင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သော ရွာတစ်ရွာတွင် ပန်းပဲဆရာတစ်ဦး၏ ကျေးဇူးကြောင့် စီးပွားရေး အခွင့်အလမ်းများပွင့်လန်းပြီး နိုင်ငံခြားဝင်ငွေရရှိလျက်ရှိသည်။

ယခင်က စစ်သားတစ်ဦးဖြစ်ခဲ့သော ဖီလိုမန်နိုဒီဂုဇ်မန်သည် စစ်သားဘ၀မှ အနားပြီးနောက် ပန်းပဲလုပ်ငန်းတည် ထောင်ကာ ထရပ်ကားကြီးများမှ ရရှိသော စတီးလ်သံချောင်းများ၊ သားရေအကြမ်းထည်များ ကိုအသုံးပြုကာ ဒီဇိုင်း လှပသစ်ဆန်းသော ဓါးမြောင်နှင့် ဓါးရှည်များပြုလုပ်ရောင်းချလျက်ရှိသည်။

၎င်းပြုလုပ်သော ဓါးများတွင် ရုပ်ရှင်များတွင်ပါဝင်သော နာမည်ကြီးဓါးများ၏ ပုံစံတူများလည်း ပါဝင်သည်။

ယခင်က သူ၏၀ါသနာဖြစ်သော ပန်းပဲအလုပ်သည် ယခုအခါ အဓိကလုပ်ငန်းကြီးဖြစ်လာပြီး အမေရိကန်သို့ အဓိက ထားတင်ပို့ရောင်းချလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။