Friday, March 30, 2012

အစ္စလာမ်တရားဟောဆရာများကို ပြင်သစ်ပြည်ဝင်ခွင့်မပေး

အစ္စလာမ်တရားဟောဆရာ ရှိတ်ယူဆွတ်အယ်လ် ကာရာဒါဝီ

ပဲရစ်မြို့တွင်ကျင်းပမည့် မွတ်စလင်ညီလာခံကို တက်ရောက်ရန်အတွက် နာမည်ကြီး အစ္စလာမ်တရားဟောဆရာ ရှိတ်ယူဆွတ်အယ်လ် ကာရာဒါဝီနှင့် အီဂျစ်တရားဟောဆရာတစ်ဦးပါဝင်သော လေးဦးအဖွဲ့ကို ပြင်သစ်က ပြည်ဝင်ခွင့်မပေးပေ။

နိုင်ငံခြားရေးဝန်ကြီး အယ်လိန်းဂျူပီနှင့် ပြည်ထဲရေးဝန်ကြီး ကလော်ဒီဂူးအန့်တို့ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် တရားဟောဆရာလေးဦးသည် အမုန်းပွားရေး၊ အကြမ်းဖက်ရေးတရားများဟောပြောပို့ချကြပြီး လက်ရှိအချိန်တွင် လူထုအတွင်း သွေးထိုးလှုံ့ဆော်မှုများပြုနေကြောင်း ဆိုသည်။

တူလို့စ်စာသင်ကျောင်းလူသတ်မှုပြီးနောက် အစွန်းရောက်များကို နှိမ်နင်းသုတ်သင်ရန် သမ္မတဆာကိုဇီက အမိန့်ပေး ခဲ့ပြီး ကာရာဒါဝီနှင့် မိုဟာမက်အယ်-မာဆီတို့အပါအဝင်လေးဦးကို ပြည်ဝင်ခွင့်မပေးကြောင်း ပြောဆိုခဲ့သည်။

ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပမည့် ညီလာခံတွင် တက်ရောက်ရန် တရားဟောဆရာများကို ဖိတ်ကြား ထားသော ပြင်သစ်အစ္စလာမ်များအဖွဲ့သမဂ္ဂ (UOIF)က အစိုးရ၏ ဆုံးဖြတ်ချက်အတွက် နားမလည်နိုင်ကြောင်း ဆိုသည်။ ယခုကဲ့သို့တားမြစ်လိုက်ခြင်းကြောင့် ပြင်သစ်မွတ်စလင်များအနေနှင့် အန္တရာယ်ဟု နားလည်ထားပြီး ခွဲခြား ဆက်ဆံခြင်းဖြစ်ကြောင်း ဆိုသည်။

တရားဟောဆရာလေးဦးမှာ ပါလက်စတိုင်းတရားဟောဆရာတစ်ဦး၊ အီဂျစ်တရားဟောဆရာတစ်ဦးနှင့် ဆော်ဒီ တရားဟောဆရာနှစ်ဦးတို့ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။