Friday, March 23, 2012

ဖလော်ရီဒါတွင် လူမည်းတစ်ဦး ပစ်သတ်ခံရ (ဗွီဒီယိုသတင်း)






အမေရိကန် ဖလော်ရီဒါပြည်နယ် ဆန်းဖို့မြို့တွင် ရပ်ကွက်အတွင်း လုပ်အားပေးကင်းလှည့်နေခဲ့သော ဂျော့ဇင်မာမန် အသက် ၂၈ ဆိုသူက အသက်၁၇ နှစ် အရွယ်ရှိလူမည်းအမျိုးသား ထရေဗွန်မာတင်ကို ပစ်သတ်ခဲ့ပါတယ်။
မာတင်က စတိုးဆိုင်ကနေ သူ့အိမ်ကို လမ်းလျှောက်ပြန်လာပြီး လက်နက်ကိရိယာဘာမှ ကိုင်ဆောင်ထားခြင်းမရှိ ပါဘူး။
ဒါပေမယ့် ဇင်မာမန်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ရဲတွေကသူ့ကို မဖမ်းပါဘူး။
မာတင်ရဲ့မိသားစုကတော့ ဇင်မာမန်ရဲ့ပြောစကားဟာ လုံးဝအဓိပ္ပါယ်မရှိကြောင်း၊ သူတို့ရဲ့သားဟာ ဘာအမှားမှ မကျူးလွန်ခဲ့ဖူးသလို၊ ဘာမှလည်း မလုပ်ခဲ့ပါဘူးလို့ပြောပါတယ်။ ဒါဟာ အသားအရောင်ခွဲခြားပြီး ပြုမူခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်ပွားနေတဲ့ အချိန်မှာ ရေဗွန်မာတင်ဟာ သူ့သူငယ်ချင်းမိန်းကလေး တစ်ယောက်နဲ့ ဖုံးစကားပြောနေခဲ့ပြီး ဇင်မာမန်က သူ့နောက်ကိုလိုက်နေလို့ သူကြောက် နေတယ်လို့ ပြောခဲ့ပါသေးတယ်။

ဇင်မာမန်နဲ့ ရဲတွေနဲ့ စကားပြောထားတဲ့ ဖုံးမှတ်တမ်းကို ပြန်ကြည့်ရာမှာလည်း သူက ထရေဗွန်ကို မသင်္ကာဖွယ်ရာ တွေ့ရတဲ့အတွက် နောက်ကလိုက်နေတဲ့ အကြောင်း၊ ရဲက သူ့ကိုဆက်မလိုက်ဖို့ ပြောတဲ့အကြောင်းတွေ ကြားရပါ တယ်။ ဒါကြောင့် ရှေ့နေက ဇင်မာမန်ပြောတဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ မဟုတ်တာ ထင်ရှားတဲ့ အကြောင်း ပြောပါတယ်။

ပြဿနာရဲ့နောက်ဆက်တွဲအနေနဲ့ ဖလော်ရီဒါရဲချုပ်ဘီလီ ရာထူးကနေခေတ္တနှုတ်ထွက်ပေးထားရပါတယ်။

ဇင်မာမန်ကို ရဲက ဖမ်းဆီးခြင်းမရှိတဲ့ ဖလော်ရီဒါကလူတွေက ထရေဗွန်တို့ မိသားစုဘက်နေမခံမရပ်နိုင်ဖြစ်ပြီး ကြာသပတေးနေ့က ထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
ဆန္ဒပြသူတွေထဲက ရှာတွန်ဆိုသူက `လူတစ်ယောက်ကို သတ်ပြီးတော့ ရဲကလည်းမဖမ်း၊ ခပ်တည်တည်ပဲ နေနေ တဲ့ လူသတ်သမားကို ကျွန်တော်တို့ ဒီအတိုင်းခွင့်ပြုမထားနိုင်ပါဘူး။ ကျွန်တော်တို့ အများကြီး မတောင်းဆိုပါဘူး။ ဇင်မာမန်ကို လက်ထိပ်နောက်ပြန်ခတ်ပြီး တရားရုံးကို ပို့ဖို့ပါပဲ။´

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။