Wednesday, March 21, 2012

ပြင်သစ်စာသင်ကျောင်းပစ်ခတ်မှုတရားခံဖမ်းဆီးရမိ


တနင်္လာနေ့က ပြင်သစ်နိုင်ငံ တူလို့စ်မြို့စာသင်ကျောင်းတွင် လေးဦးသေဆုံးခဲ့သောပစ်ခတ်မှုနှင့် ယခင်ရက်ပိုင်း အတွင်းက စစ်သား သုံးဦးသေဆုံးခဲ့ရသော ပစ်ခတ်မှုများ ကျူးလွန်ခဲ့သောတရားခံကို ပြင်သစ်ရဲများက ၀ိုင်းပြီးဖမ်း ဆီးခဲ့ကြသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ကလော်ဒီဂူးအန့်က တရားခံသည် အသက် ၂၄ ရှိပြီဖြစ်ပြီး ရဲများဝန်းရံထားစဉ်အတွင်း သူနှင့် ညှိနှိုင်းခဲ့ရကြောင်း၊ နေ့လည်ပိုင်းတွင် လက်နက်ချအဖမ်းခံခဲ့ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုတရားရုံးတင်နိုင်ရေးအတွက် ရဲများက အရှင်ဖမ်းဆီးမိရန်ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။

ရဲသတင်းရပ်ကွက်မှ ပြောကြားချက်အရ ၎င်း၏အမည်မှာ မိုဟာမက်မီရာဖြစ်ပြီး ပြင်သစ်နိုင်ငံသားဖြစ်ကာ အယ်လ်ဂျီရီးယား လူမျိုးဖြစ်ကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၃း၀၀ ခန့်တွင် အထပ် ၅ ထပ်ရှိ အဆောက်အဦတစ်လုံးကို ရဲများက ၀န်းရံထားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ တရားခံက ပြန်လည်ခုခံပစ်ခတ်သဖြင့် ရဲသုံးဦးဒဏ်ရာရရှိခဲ့သည်။

ထို့နောက် သူ့ထံတွင်ရှိသော သေနတ်တစ်လက်ကို ဆဲလ်ဖုန်းတစ်လုံးနှင့် လဲလှယ်ခဲ့သည။် သို့သော်သူ့ထံတွင် အခြားသေနတ်များရှိနေသေးကြောင်း ရဲကပြောသည်။ တရားခံ၏ မိခင်ဖြစ်သူလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ သားဖြစ်သူကို ဖြောင်းဖျပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဂူးအန့်က တရားခံသည် ပြင်သစ်လူမျိုးပင်ဖြစ်ပြီး အယ်ကေဒါအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဆိုသည်။ အရှေ့အလယ်ပိုင်း ပါလက်စတိုင်း-အစ္စရေးလ်အရေးတွင် ပါလက်စတိုင်းကလေးငယ်များသေဆုံးခဲ့ရခြင်း အတွက် လက်စားချေခြင်းဖြစ်ကြောင်း၊ ပြင်သစ်စစ်တပ်မှလည်း နိုင်ငံခြားစစ်ဆင်ရေးများတွင် ပါဝင်နေခြင်းကို သူ့အနေနှင့် မကျေနပ်ကြောင်း ရဲက ပြောသည်။

ကာတာရှိ Royal United Institute ၏ သုတေသီတစ်ဦးဖြစ်သော မိုက်ကယ်စတီဖင်က ပြင်သစ်ပြည်ထဲရေးဝန်ကြီး အနေနှင့် လုံလောက်သော သက်သေအထောက်အထားများရမှသာ ပြည့်ပြည့်စုံစုံပြောဆိုသင့်ကြောင်း၊ ယခုအချိန် တွင် ဘာမှမပြောသင့်သေးကြောင်းဆိုသည်။
`အဖွဲ့အစည်းနောက်ခံနဲ့ ကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထားနည်းပါသေးတယ်။ ပြည်ထဲရေးဝန် ကြီးပြောနေပုံက သူ့ဘာသာသုံးသပ်ပြီး အယ်ကေဒါလက်ချက်ဖြစ်တယ်လို့ ပြောနေပုံရပါတယ်။´ ဟု ဆို၏။

တရားခံ၏ အစ်ကိုဖြစ်သူကိုလည်း ဖမ်းဆီးထားပြီး သူသည် အာဖဂန်နှင့် ပါကစ္စတန်တို့သို့ ရောက်ဖူးကြောင်း အာဏာပိုင်များသိရှိထားသည်ဟု ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။