Monday, March 12, 2012

အမေရိကန် NGO တစ်ခုအဝေဖန်ခံရ

စည်းရုံးလှုံ့ဆော်ရေး ပိုစတာတစ်ခု


အမေရိကန် NGO တစ်ခုဖြစ်သည့် Invisible Children မှရိုက်ကူးထုတ်လွှင့်လိုက်သော မှတ်တမ်းဗွီဒီယိုကားတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားလေသည်။

ဗွီဒီယိုသည် ယူဂန္ဓာနိုင်ငံမှ စစ်ရာဇ၀တ်ကောင် ဂျိုးဇက်ကိုနီ၏ ရာဇ၀တ်မှုများကို တင်ပြထားကာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိအောင်ရည်ရွယ်ထားပြီး တနင်္လာနေ့က အွန်လိုင်းပေါ်တွင် ထုတ်လွှင့်ခဲ့လေသည်။
ဂျိုးဇက်ကိုနီ၏ ကလေးအခွင့်အရေးချိုးဖေါက်မှုများကို တင်ပြထားသော ယင်းဗွီဒီယိုမှတ်တမ်းသည် Youtube တွင် လေးရက်အတွင်း ကြည့်ရှုသူဦးရေ သန်း ၅၀ ကျော်သွားပြီး Twitter တွင် ၆ သန်းကျော်သွားခဲ့လေသည်။

သို့သော် ဤသို့သော နည်းလမ်းဖြင့် NGO တစ်ခုက ကြည့်ရှုသူများကို ဆွဲဆောင်စည်းရုံးလှုံ့ဆော်ခြင်းနှင့် မှတ်တမ်း ပါအချက်အလက်များ မှန်ကန်ခြင်းရှိ၊ မရှိကို အများက ဝေဖန်ပြောဆိုနေကြလေသည်။

ဝေဖန်မှုအများစုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ဖြစ်ပေါ်နေသော အလွန် ရှုပ်ထွေးနေသည့် ဒေသတွင် မပြောပလောက်သည့် သူပုန်အုပ်စုတစ်စုနှင့် ခေါင်းဆောင်အကြောင်း ချဲ့ကားထားခြင်း အပေါ် ဝေဖန်ပြောဆိုကြလေသည်။

အချို့ကမူ ဂျိုးဇက်ကိုနီကို ဖမ်းဆီးရန် အကြောင်းပြုပြီး အမေရိကန်ကျူးကျော်ဝင်ရောက်ရေးအားပေးထားသည့် အတွက် ဝေဖန်ကြသည်။

သို့သော် ယခုမှသာဤကဲ့သို့ NGO များက အကြပ်အတည်းဆိုက်ဒေသများတွင် နိုင်ငံတကာတပ်များဝင်ရောက်ရေး တောင်းဆိုမှုကြောင့် ဝေဖန်ခံရသည်တော့ မဟုတ်ပေ။ ယခင်ကလည်း ဤသို့အလားတူ ဝေဖန်ခံရမှုများရှိခဲ့သည်။

`ဒါဖာကို ကယ်တင်ပါ။´ ဟူသောခေါင်းစဉ်ဖြင့် NGO များက ဆူဒန်အရေးစည်းရုံးလှုပ်ရှားစဉ်ကလည်း ကုလသမဂ္ဂ ကြားဝင်ရေးအတွက် တောင်းဆိုခဲ့ခြင်းကြောင့် ဝေဖန်သူများက နိုင်ငံတကာကြားဝင်လျှင် အခြေအနေများပိုမိုဆိုးဝါး သွားနိုင်သည်ဟု ဝေဖန်ခဲ့ဖူးသည်။

သို့သော်ဟေတီတွင် ၂၀၁၀ ငလျင်ဘေးဆိုက်စဉ်က NGO များက လက်ပိုက်ကြည့်နေသဖြင့် အကြီးအကျယ်ဝေဖန် ခံခဲ့ရဖူး သည်။

NGO များ၏ လုပ်ရပ်များတွင် ဤသို့ ရှေ့နောက်မညီညွတ်မှုများတွေ့နေရသဖြင့် …
NGO များ၏ အခန်းကဏ္ဍသည် အဘယ်နည်း။ မိမိတို့ အခန်းကဏ္ဍထက် အဘယ်မျှ ကျော်လွန်လုပ်ကိုင်နေသနည်း။ NGO များသည် မိမိတို့ဖြစ်စေချင်သည်ကို လူထုအားရိုက်သွင်းပြီး နိုင်ငံရေးသမား များကို စည်းရုံးသိမ်းသွင်းသင့် ပါသလား။ ဤသို့ NGO အခွင့်အရေးသမား တက်ကြွလှုပ်ရှားသူများသည် ကူညီသူများဖြစ်သလား၊ နှောင့်ယှက်နေ သူများလား ဟူသည့် မေးခွန်းများ ပေါ်ပေါက်လာရသည်။


Writer: Mareike Schomerus, LSE
Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။