Monday, April 2, 2012

မာလီ တူအာရက်သူပုန်များ ရှေးဟောင်းမြို့ကို သိမ်းပိုက်

လွန်ခဲ့သောအပတ်က မာလီတွင်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်သက်မှုများဖြစ်ပွားလျက်ရှိပြီး တူအာရက် သူပုန်များက ရှေးဟောင်းမြို့တော် တင်မ်ဘုခ်တူကို သိမ်းပိုက်ထားလေသည်။ `သူပုန်တွေမြို့ထဲရောက်နေပါပြီ။ သူတို့အလံကို လွှင့်ထူထားပါတယ်။` ဟု တနင်္ဂနွေနေ့က တင်မ်ဘုခ်တူမြို့မှ လွှတ်တော်ကိုယ်စားလှယ် အယ်ဟာ့ဂ်ျဟိုင်ဒါရာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ သူပုန်များက မာလီတွင် သူတို့အလိုရှိသောနေရာများအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အုပ်ချုပ်ရေး မှူးရုံး၊ မြို့တော်ဝန်ရုံးနှင့် စစ်တပ်စခန်းများတွင် သူတို့အလံများစိုက်ထူထားပြီးဖြစ်ကြောင်း သူပုန်များက ဆိုသည်။ တူအာရက်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ပြောခွင့်ရ ဟာမာအက်မာမွတ်က `ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်မယ့်နေရာ တွေက အဇဝက်နယ်နိမိတ်ကို မကျော်ပါဘူး။ မာလီအစိုးရပြဿနာဖြစ်အောင် ကျွန်တော်တို့ မဖန်တီးလိုပါဘူး။` မြို့ထဲတွင်သူပုန်များရောက်ရှိနေပြီး သေနတ်သံများကြားရကြောင်း မျက်မြင်သက်သေများက အေအက်ဖ်ပီသတင်း ဌာနသို့ပြောသည်။ တူအာရက်သူပုန်များသည် တင်မ်ဘုခ်တူမြို့ကို သိမ်းပိုက်ရန် အချိန်ကာလကြာမြင့်စွာကပင် ကြိုးစားနေခဲ့ပြီး နိုင်ငံအဝှမ်း အစ္စလာမ်ဥပဒေအတိုင်းတည်ထောင်လိုသည့် တိုက်ခိုက်ရေးသမားများက အထောက်အပံ့များပေးနေ ခဲ့သည်။ စစ်တပ်မြို့တစ်မြို့ဖြစ်သော ဂါအိုမြို့တွင်လည်း အစိုးရစစ်တပ်များဆုတ်ခွာသွားပြီးနောက် သူပုန်များ သိမ်းပိုက်ထားသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။