Tuesday, April 3, 2012

ဟာဖစ်ဇ်ဆာအိဒ်ကို ဖမ်းဆီးဆုကြေး ဒေါ်လာ ၁၀ သန်း ထုတ်

၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဟာဖစ်ဇ်ဆာအိဒ်ကို အမေရိကန်က ဆုကြေး ဒေါ်လာ ၁၀ သန်းတပ်၍ ဝရမ်းထုတ်လိုက်သည်။ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အိန္ဒယသို့ အလည်အပတ်ခရီးသွားရောက်စဉ်က ဆာအိဒ်၏ ယောက်ဖတော်စပ်သူ အဘ္ဘဒူလ်ရာမန်မက်ကီအား ဆုကြေးဒေါ်လာ ၃ သန်းထုတ်ခဲ့သည်။ ဆာအိဒ်သည် ပါကစ္စတန် အခြေစိုက် လက်ရှ်ခါ-အီး-တိုင်ဘာ အုပ်စု၏ခေါင်းဆောင်ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတည်ဆုကြေးငွေထုတ်ထားသော ဆာအိဒ် အသက် ၆၂ နှစ် နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဌာနပိုင် ဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားလေသည်။ `အမေရိကန်လူမျိုး ၆ ဦးအပါအဝင် လူပေါင်း ၁၆၆ ယောက်သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ် မွမ်ဘိုင်း အကြမ်း ဖက်တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုပေါင်းများစွာ၏ နောက်ကွယ်မှ ကြိုးကိုင်ဆရာကြီးအဖြစ် ဆာအိဒ်ကို သံသယရှိပါတယ်။` ဟု ရေးသားထားလေသည်။ လက်ရှ်ခါ-အီး-တိုင်ဘာအဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ခဲ့လေသည်။ မွမ်ဘိုင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုပေါင်းများစွာလုပ်ဆောင်နေသည်ဟု အိန္ဒိယက စွပ်စွဲထားလေသည်။ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို တရားဥပဒေအတွင်းပို့ဆောင်နိုင်ရန် အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကြိုးပမ်းအားထုတ်နေခြင်းအတွက် အမေရိကန်ပြည်ထောင်စု၏ ယခုဆောင်ရွက်ချက်ကို အိန္ဒိယကကြိုဆိုလိုက်သည်။ အယ်ဂျာဇီယာသတင်းထောက် ခမေးလ်ဟိုင်ဒါက လာဟိုးမှ သတင်းပေးပို့ခဲ့ရာ အာဖဂန်နစ္စတန်ကို အမေရိကန်တို့ ကျူးကျော်ပြီးနောက် ဆာအိဒ်၏ အဖွဲ့ကိုတရားမဝင်ကြေငြာရန် အမေရိကန်က ပါကစ္စတန်ကို ဖိအားပေးခဲ့သည်။ လက်ရှ်ခါ-အီး-တိုင်ဘာအဖွဲ့သည် မိခင် ဂျာမက်-အွဒ်-ဒါဝါးအဖွဲ့ကြီး၏ လက်နက်ကိုင် အဖွဲ့ခွဲတစ်ခုဖြစ်သည်။ လာဟိုးတွင် ဆာအိဒ်နေထိုင်နေသည်ဟု ယူဆရသည်။ `ဆာအိဒ်က အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ ပြီးတော့ ကက်ရှ်မီးယားငလျင်နဲ့ ပါကစ္စတန်ရေဘေး တွေမှာ အကူအညီပေးရေးလုပ်ငန်းတွေကို အဓိကထားပြီးလုပ်ကိုင်ခဲ့ပါတယ်။ အခုအချိန်အထိ သဘာဝဘေး အန္တရာယ်ကျရောက်ဒေသတွေမှာ ရှေ့ဆုံးက လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အလုပ်တွေနဲ့ မပတ် သက်ဘူးလို့ သူက ငြင်းဆိုထားပါတယ်။` `နိုင်ငံတွင်းမှာ သူက လူသိထင်ရှားရှိတဲ့လူတစ်ယောက်ပါ။ သူ့ကို အောက်ကိုဆွဲချလို့တော့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အမေရိကန်အဆင့်မြင့် သံတမန်တစ်ဦးက အခုလို ဆုကြေးထုတ်လိုက်တာ သူ့ကို နှစ်သက်သူတွေအတွက် ဒေါသဖြစ်စရာပါ။ ` ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီ အိန္ဒိယသို့ အလည်အပတ်ခရီးလာရောက်ပြီးနောက် ကြေငြာချက်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။