Wednesday, May 16, 2012

တရုတ်အတိုက်အခံက အမေရိကန်လွှတ်တော်နှင့် ဖုန်းဖြင့်စကားပြော

တရုတ်အတိုက်အခံနိုင်ငံရေးသမား ချန်းဂွမ်ချန်းက ဘေဂျင်းတရုတ်အစိုးရသည် သူ့မိသားစုဝင်များကို ဖိနှိပ် လျက်ရှိကြောင်း အမေရိကန်လွှတ်တော်သို့တင်ပြပြောဆိုခဲ့သည်။ ချန်းသည် မျက်မမြင်တစ်ဦးဖြစ်ပြီး ရှေ့နေတစ်ဦးအဖြစ်ဥပဒေများကို မိမိဘာသာလေ့လာလိုက်စားနေသူ ဖြစ်သည်။ လွန်ခဲ့သောလက နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာခဲ့ပြီး ဘေဂျင်းရှိဆေးရုံမှနေ၍ အမေရိကန်လွှတ်တော်နှင့်ဒုတိယအကြိမ်အဖြစ် ဆွေးနွေးပြောဆိုခဲ့သည်။ ယခင်အကြိမ်က သူ့လုံခြံရေးအတွက် စိုးရိမ်ကြောင်းပြောဆိုခဲ့သော်လည်း ယခုအခါ ဒေသခံအာဏာပိုင်များ က သူ့တူတစ်ဦးဖြစ်သူကို လူသတ်မှုဖြင့် မတရားအကွက်ဆင်ဖမ်းဆီးရန် ကြံစည်လျက်ရှိကြောင်း ပြောဆို ခဲ့သည်။ `ဒါဟာ လုပ်ကြံဖန်တီးမှုဖြစ်ပါတယ်။ ယူနန်နယ်မှာနေနေတဲ့လူတွေအားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ တရုတ်ပြည်ဥပဒေနဲ့ ညိစွန်းနေပြီးသားပဲဖြစ်ပါတယ်။`ဟု ချန်းကပြောဆိုခဲ့သည်။ ထို့ပြင်အစိုးရခိုင်းစေလိုက်သော လူမိုက်များက သူ့တူအိမ်သို့ချိုးဖေါက်ဝင်ရောက်ကာ သုံးနာရီကြာရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ချန်ကဆိုသည်။ သူ့တူက ပြန်လည်တိုက်ခိုက်သောအခါ ရဲကသူ့တူကိုပင်လာရောက်ဖမ်း ဆီးသွားကြောင်း၊ လူသတ်မှုဖြင့်တရားစွဲဆိုထားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှသေဆုံးခဲ့ခြင်းမရှိ ကြောင်း ချန်ကပြောပြသည်။ သူ့ကိုမတရားစွပ်စွဲကာ ဖမ်းဆီးသကဲ့သို့ပင် သူ့တူကိုလည်းအလားတူအကွက်ဆင်ဖမ်းဆီးခြင်းသာဖြစ် ကြောင်းချန်က ဆိုသည်။ ချန်ကို တရုတ်အစိုးရဖမ်းဆီးပြီးထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့သည်။ တရုတ်၏ မိသားတစ်စု ကလေးတစ်ယောက်နှုန်းမူဝါဒအရ အတင်းအဓမ္မကလေးဖျက်ချခိုင်းခြင်း၊ သားကြောဖြတ်စေခြင်း လုပ်ရပ်များအပေါ် ချန်က မနှစ်မြို့ခဲ့ပေ။ ထောင်မှ ၂၀၁၀ တွင် ချန်ပြန်လည်လွတ် မြောက်လာပြီးနောက် အဆိုပါအတိုက်အခံပြောဆိုမှုများဆက်လက်ပြုလုပ်ခဲ့သဖြင့် နေအိမ်အကျယ်ချုပ်ထပ် မံချထားပြီး ပြင်းထန်စွာရိုက်နှက်နှိပ်စက်ခြင်းများခံခဲ့ရသည်။ အမေရိကန်လွှတ်တော်အတွင်း ချန်၏တယ်လီဖုန်းဖြင့် ပြောဆိုမှုများကို ကြားနာခဲ့ရသော ရစ်ဂီလစ်တဲဂျွန် က 'လွှတ်တော်မှာ ချန်ရဲ့တယ်လီဖုန်းပြောကြားချက်တွေကို နားထောင်ခဲ့ရတာ အင်မတန်အဖိုးတန်တဲ့ အခွင့်အရေးတစ်ခုပါပဲဗျာ။` ဟု အယ်ဂျာဇီယာသို့ပြောပြခဲ့သည်။ `သူ့ရဲ့လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့တဲ့သူတွေအားလုံးကိုလည်း သူက ကျေးဇူးတင်တဲ့ အကြောင်း၊ သူ့တူအတွက် အလွန်အမင်းစိုးရိမ်ပူပင်နေတဲ့ အကြောင်းတွေ ပြောဆိုသွားပါတယ်။` `အမေရိကန်ကလူတွေနဲ့ အခုလိုဆက်သွယ်တဲ့အတွက် အမေရိကန်ကိုသူထွက်ခွါလာနိုင်ဖို့ အခွင့် အလမ်းတွေ ပိတ်ဆို့ကုန်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် နောက်တစ်ချက်ရှိတာက အခုလို ပေါ်ပေါ်တင်တင်လုပ်ဆောင်မှုများကသာ သူ့အတွက်ပိုပြီးကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။` `လက်ရှိအချိန်မှာ စိုးရိမ်နေရတာက အမေရိကန်ကို သူထွက်ခွါနိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာ တမ်းတွေ ရဖို့ အချိန်အကြာကြီးစောင့်ဆိုင်းနေရတာပဲဖြစ်ပါတယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီထဲမှာ လည်း သူ့ကို အမေရိကန်ထွက်ခွါသွားမှာ မလိုလားတဲ့သူတွေ ရှိနေပါတယ်။` စသည်ဖြင့် လစ်တဲဂျွန်က ပြောဆိုသွားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။