Friday, May 18, 2012

ကွန်ဂိုတွင် တိုက်ပွဲဖြစ်ပွား၊ ဒုက္ခသည်များယူဂန္ဓာသို့ထွက်ပြေး (ဗွီဒီယိုသတင်း)

ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ၏ စစ်တပ်မှ သူပုန်များတည်နေရာသို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါလက်နက်ကိုင်သူပုန်များသည် ၂၀၀၉ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူ ညီချက်တစ်ရပ်ချုပ်ဆိုကာ အစိုးရစစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်အတွင်း ဆင်းရဲသည် ဟူသော အကြောင်းပြချက်ဖြင့် ပြန်လည်ခွဲထွက်ကာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ဧပြီလအတွင်းမှ စတင်ဖြစ်ပွားလာခဲ့သော တိုက်ပွဲများကြောင့် လူသောင်းနှင့်ချီ၍ ယူဂန္ဓာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သူပုန်များနောက်သို့ အစိုးရစစ်တပ်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း စစ်ဘက်သတင်းရပ်ကွက်မှ ပြောသည်။ ထို့ကြောင့် သူပုန်များတကွဲတပြားဖြစ်ပြီး နောက်ဆုံးသတင်းအရ အင်အား ၃၀၀ ခန့်သာတော တောင်များအတွင်း ပုန်းခိုကျန်ရှိနေကြောင်းသိရလေသည်။ သို့သော် သူပုန်များခိုအောင်းရာ နေရာအနီး တစ်ဝိုက်ရှိ အရပ်သူအရပ်သားများမှာမူ တိုက်ပွဲများဒဏ်ကို ခံစားရလျက်ရှိပြီး အခြေအနေများပိုမိုဆိုးဝါးလာ မည်ကို ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြသည်။ အခြေအနေအရပ်ရပ်ကို အယ်ဂျာဇီယာသတင်းထောက် မဲလ်ကွမ်ဝက်ဘ်က ဘူနာဂါနာမြို့မှနေ၍ သတင်း ပေးပို့ထားသည်။ ယင်းမြို့သည် ကွန်ဂိုအရှေ့ဘက်ရှိ နည်းဗျူဟာအရအရေးပါသောမြို့တစ်မြို့ဖြစ်ပြီး ယူဂန္ဓာနိုင်ငံတွင်းသို့ အဓိကဝင်ရောက်ရာ နယ်စပ်မြို့တစ်မြို့ဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။