Monday, May 28, 2012
မက္ကဆီကို ပိုလာဝက်ဝံ နေရာရွှေ့ပြောင်းပေးရေး လှုပ်ရှား (ဗွီဒီယိုသတင်း)
မက္ကဆီကိုရှိ ပိုလာဝက်ဝံတစ်ကောင်အား သူ့အတွက်ပိုမိုသင့်လျှော်သည့် နေရာသို့ရွှေ့ပြောင်းပေးရေး အတွက် အစိုးရမှ အရေးတယူဆောင်ရွက်လာစေရန် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ အရှိန်မြှင့် ဆောင်ရွက်လာကြသည်။
ယူပီ အမည်ရှိ အသက် ၂၀ အရွယ်ပိုလာဝက်ဝံကို မက္ကဆီကို မိုရီလီယာ မြို့တိရစ္ဆာန်ရုံတွင်ပြသထားပြီး ပို၍အေးမြပြီး သင့်လျှော်သည့် ကနေဒါနိုင်ငံသို့ပို့ဆောင်ရေး လှုပ်ရှားမှုတွင် လူမှုကွန်ယက်သတင်းဖြန့်ချိရေး ကဏ္ဍများက အဓိကနေရာမှ ပါဝင်လျက်ရှိလေသည်။
Source: Al Jazeera
0 comments:
Post a Comment