Wednesday, May 30, 2012

ဝီကီလိခ်ပိုင်ရှင် အယူခံရှုံးနိမ့်

အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအများအပြား၏ သံတမန်ရေးရာဆက်သွယ်မှု စာရွက်စာတမ်းအထောက်အထား များအား ဖွင့်ထုတ်ခဲ့သော ဝီကီလိခ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အက်ဆန်းအား အင်္ဂလန်က ဆွီဒင်သို့ လွှဲပြောင်းပေးရေး ဆုံးဖြတ်ချက်ကို အယူခံဝင်ထားခဲ့ရာ လန်ဒန်ရှိ တရားရုံးချုပ်က ပယ်ချလိုက်သည်။ ဆွီဒင်က ဂျူလီယန်အက်ဆန်းအား လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှုဖြင့် အလိုရှိနေ ခြင်းဖြစ်သည်။ ဆွီဒင်တရားရေးက အက်ဆန်းအား တရားဝင်လွှဲပြောင်းပေးရေးအတွက် ဝရမ်းထုတ်ထားပြီး ဗုဒ္ဓဟူးနေ့က တရားသူကြီးများက ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲနှစ်မဲဖြင့် အက်ဆန်းအား လွှဲပြောင်းပေးရန် ဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် အသက် ၄၀ ရှိ ဂျူလီယန်အက်ဆန်းကို ဆွီဒင်သို့လွှဲပြောင်းပေးတော့မည်ဖြစ်ပြီး အက်ဆန်း၏ ရှေ့နေက အမှုကို ပြန်လည်ဆန်းစစ်ပေးရန် တောင်းဆိုထားသည်။ အက်ဆန်းသည် သြစတြေးလျနိုင်ငံသားဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာလအတွင်းက လန်ဒန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အက်ဆန်းက ဆွီဒင်တွင် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူခဲ့သည်ဟူသော အမှုကို ငြင်းဆန် ထားပြီး သူ့ကို ဆွီဒင်က နိုင်ငံရေးရည်ရွယ်ချက်ဖြင့်သာ အလိုရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။ ဝီကီလိခ်သည် လွန်ခဲ့သောနှစ်က အမေရိကန်သံတမန်လျှို့ဝှက်ဖိုင်များကို ဖွင့်ထုတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အရှက်ကွဲကာ တစ်ကမ္ဘာလုံးလည်း ဆူပွက်သွားခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။