Wednesday, May 23, 2012

အရှေ့တောင်အာရှနှင့် အာဖရိကရှိ ငှက်ဖျားဆေး သုံးပုံတစ်ပုံခန့် အတုဖြစ်ကြောင်း တွေ့ရှိ

လေ့လာစမ်းသပ်မှုအသစ်များပြုလုပ်ပြီးတွေ့ရှိချက်များအရ အရှေ့တောင်အာရှနှင့် ဆာဟာရအောက်ဘက် အာဖရိကဒေသများတွင် အသုံးပြုနေသော ငှက်ဖျားပျောက်ဆေးများထဲမှ သုံးပုံတစ်ပုံခန့်မှာ အတုများ သို့မဟုတ် အရည်အသွေးညံ့ဖျင်းသော ဆေးဝါးများဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။ `ဒီတွေ့ရှိချက်က ပိုမိုထိရောက်တဲ့ ဆောင်ရွက်မှုများလုပ်ဆောင်ဖို့ ၊ ဥပဒေကိုဆန့်ကျင်ပြီးထုတ် လုပ်နေတဲ့ ဆေးဝါးအတုတွေကိုရော၊ အရည်အသွေးညံ့ဖျင်းတဲ့ ဆေးဝါးအတုထုတ်လုပ်မှုတွေကိုရော တခါ တည်းတိုက်ဖျက်ပစ်ဖို့ အရေးတကြီးလှုံ့ဆော်မှုဖြစ်ပါတယ်။` ဟု အမေရိကန်အမျိုးသားကျန်းမာရေးဌာန (NIH) ရှိ Fogarty International Center မှ ဂျိုးလ်ဘရီမင်က အင်္ဂါနေ့က ပြောသည်။ `ဆေးဝါးအတုတွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေခြင်းနဲ့ ရာဇဝတ်မှုကျူးလွန်နေခြင်းတွေက အင်မတန် အန္တရာယ်များပါတယ်။` ဟု Lancet Infectious Disease Journal တွင် ဖေါ်ပြထားသော လေ့လာချက်စာတမ်းတွင် ရေးသားထားသည်။ စစ်တမ်းများကောက်ယူခြင်းနှင့် စာတမ်းများပြုစုထုတ်ဝေမှုများအရ သုတေသီများသည် အရှေ့တောင်အာရှ ၇ နိုင်ငံတွင် ဆေးအမျိုးအစားငါးမျိုးပါဝင်သော နမူနာ ၁၄၃၇ ခုတွင် ၃၆ ခုမှာ အတုများဖြစ်ကြောင်းတွေ့ရှိ ခဲ့လေသည်။ ၃၀ ရာခိုင်နှုန်းမှာ ဆေးအတွင်းပါဝင်ရမည့်ပစ္စည်းများပါဝင်ခြင်းမရှိသောစံချိန်မမီဆေးများ ဖြစ်သည်။ အာဖရိကနိုင်ငံများမှ လာသောဆေးအမျိုးအစား ၆ မျိုးပါဝင်သော နမူနာ ၂၅၀၀ တွင် ၂၀ ရာခိုင်နှုန်းမှာ အတုများဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ စံချိန်မမီဆေးများဖြစ်လေသည်။ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးဖြစ်သော WHO မှ ပြုစုသောစစ်တမ်းအရ ၂၀၁၀ ခုနှစ်အတွင်းက ငှက်ဖျား ကြောင့်သေဆုံးသူဦးရေ ၆၅၅ ၀၀၀ ဦးရေရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အာဖရိက၌ နေ့စဉ် ကလေးငယ် ၂ ၀၀၀ ခန့် ငှက်ဖျားကြောင့် သေဆုံးနေပြီး ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃.၃ ဘီလီယံတွင် ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိသည်။ ဆေးဝါးအတုများကို တိုက်ဖျက်နိုင်လျင် ကမ္ဘာတစ်ဝှမ်းငှက်ဖျားကြောင့်သေဆုံးရသည့် ဦးရေ ၂၀၀ ၀၀၀ ခန့်လျော့ကျသွားနိုင်ကြောင်း WHO ကဆိုသည်။ ဆေးဝါးတုအများဆုံးထုတ်လုပ်ခြင်း သို့မဟုတ် အရည် အသွေးမမီခြင်းများသည် ငှက်ဖျားဆေးဝါးများနှင့် သက်ဆိုင်သည့် နယ်ပယ်မှသာ လာကြောင်း လေ့လာမှု စစ်တမ်းက ထောက်ပြပြောဆိုလိုက်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ ဆေးကောင်းဝါးကောင်းများသုံးစွဲနေသော်လည်း ကမ္ဘောဒီးယားအနောက် ပိုင်း၊ မြန်မာနှင့် ထိုင်းနယ်စပ်ဒေသများတွင် ငှက်ဖျားဆေး မတိုးသည့် အခြေအနေများကြုံတွေ့လာခဲ့ရ သည်။ ဆေးဝါးသုံးစွဲမှုတွင် မှန်ကန်သည့်လမ်းညွှန်မှုများမရခြင်း၊ ဆေးဝါးတုများနှင့် အရည်အသွေးညံ့ဆေးဝါးများ ကို စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန်ပျက်ကွက်ခဲ့သည့် အတွက် ယင်းသို့ဖြစ်ရကြောင်း ဆိုသည်။ `အရည်အသွေးမပြည့်မီတဲ့ဆေးဝါးတွေက အန္တရာယ်ပေးနိုင်ပါတယ်။ ပြီးတော့လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ငှက်ဖျားတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိထိရောက် လုပ်ဆောင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။` ဟု ဘရီမင် ကပြောကြားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။