Sunday, May 20, 2012

ဖေ့စ်ဘွတ်ပိုင်ရှင် လက်ထပ်ပြီးစီးကြောင်း ကြေငြာ

Facebook လူမှုကွန်ယက်ဝက်ဘ်ဆိုက်တည်ထောင်သူနှင့် CEO ဖြစ်သူ မာ့ခ်ဇပ်ကာဘာ့သည် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် လက်ထပ်ပြီးစီးကြောင်း ကြေငြာလိုက်သည်။ ဇပ်ကာဘာ့သည် အသက် ၂၇ နှစ်အရွယ် ပရစ်စီလာချန်းနှင့် ကယ်လီဖိုးနီးယား၊ ပါလိုအယ်လ်ထိုတွင် တနင်္ဂနွေနေ့က အကျဉ်းရုံးမင်္ဂလာဆောင်ခဲ့သည်။ သောကြာနေ့က ဇပ်ကာဘာ့သည် ဝေါလ်စထရိ သမိုင်း တွင် ရှယ်ယာအများဆုံးပါဝင်နိုင်မည့် ဖေ့စ်ဘွတ်လုပ်ငန်းရှယ်ယာများရောင်းချရန် ကမ်းလှမ်းခဲ့ပြီးနောက် မင်္ဂလာဆောင်ခဲ့ခြင်းဖြစ်သည်။ သတို့သမီးချန်း သည် ဇပ်ကာဘာ့ အသက် ၂၈ နှစ်ပြည့်ခဲ့သည့် တနင်္လာ နေ့က ဆန်ဖရန်စ္စစကို၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆေးပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ ဇနီးမောင်နှံနှစ်ဦးသည် ဟားဗက်တက္ကသိုလ်တွင်တွေ့ရှိခဲ့ကြပြီး ရည်းစားသက်တမ်း ကိုးနှစ်ကျော်ဖြတ်သန်း ခဲ့လေသည်။ လက်ထပ်လက်စွပ်အဖြစ်သတို့သမီးကို ဆင်မြန်းပေးရန် အလွန်ရိုးရှင်းသော ပတ္တမြားလက်စွပ်ဒီဇိုင်းကို ဇပ်ကာဘာ့ကိုယ်တိုင်ရေးဆွဲခဲ့ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကပြောသည်။ လက်ထပ်မင်္ဂလာအခမ်းအနားကို ဇပ်ကာဘာ့၏ ခြံတွင်း၌ပင်ကျင်းပခဲ့ပြီး ဧည့်သည် ၁၀၀ ခန့်ကို သာဖိတ် ကြားခဲ့ပြီး ဧည့်သည်များမရောက်ရှိလာမီမှာပင် မင်္ဂလာဆောင်ခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်စတော့ရှယ်ယာများကိုဈေးကွက်တွင်း ရှယ်ယာ ၅၀၃.၆ ခု ရောင်းချထားသော်လည်း ဇပ်ကာဘာ့မှာ ရှယ်ယာပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်း အများဆုံးအဖြစ်ဆက်လက်ရပ်တည်လျက်ရှိသည်။ ဇပ်ကာဘာ့သည် ဟားဗက်တွင်ရှိနေစဉ် ၂၀၀၄ ခုနှစ်အတွင်းက ဖေ့စ်ဘွတ်ကိုတည်ထောင်ခဲ့သည်။ ပေါင်းမိုးလုံးအခန်းတစ်ခုအတွင်း ထိုင်၍ ဇပ်ကာဘာ့ဖန်တီးခဲ့သော ဖေ့စ်ဘွတ်သည် ယခုအခါ ကမ္ဘာအဝှမ်း လူပေါင်း တစ်ဘီလီယံနီးပါးသုံးစွဲနေရသော ဝက်ဘ်ဆိုက်ဖြစ်လာခဲ့လေသည်။ အသက် ၂၆ နှစ်တွင် တိုင်းမ်မဂ္ဂဇင်းမှ ၂၀၁၀ အထင်ရှားဆုံးလူသားအဖြစ်ရွေးချယ်ခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။