Monday, May 21, 2012

မီးကွင်းသဏ္ဍာန်နေကြတ်ခြင်းဖြစ်ပေါ်ခဲ့

ပစိဖိတ် တစ်ဖက်တစ်ချက်ဒေသများဖြစ်သော အာရှနှင့် အမေရိကန်ပြည်ထောင်စု အနောက်ဖက်များတွင် မီးကွင်းသဏ္ဍာန်နေကြတ်ခြင်းဖြစ်ပေါ်ခဲ့သဖြင့် လူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြရလေသည်။ အဆိုပါနေကြတ်ခြင်းကို တရုတ်နိုင်ငံအချို့ဒေသများတွင် တနင်္လာနေ့က တွေ့မြင်ခဲ့ကြရပြီး တိုင်ဝမ်၊ ဂျပန် တို့ကိုဖြတ်လျက်အနောက်ဘက်သို့ ရွေ့လျားသွားခဲ့သည်။ ဆက်လက်၍ ပစိဖိတ်ဒေသတစ်လျှောက် ၁၃၆၀၀ ကီလိုမီတာ ဧကတစ်ခုလုံးကို လွှမ်းခြုံပြီး တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက် တွင် အဆုံးသတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အော်ရီဂွန်၊ နီးဗါးဒါး၊ ယူတား၊ အရီဇိုးနားနှင့် နယူးမက္ကဆီကို ပြည်နယ်များ အတိုင်း ကန့်လန့်ဖြတ်ရွေ့လျားသွားခဲ့ပြီးနောက် တက္ကဆက်တွင် နေဝင်သွားခဲ့လေသည်။ မီးကွင်းသဏ္ဍာန် အပီပြင်ဆုံးအဖြစ် နေကြတ်ချိန်တွင် ကြည့်ရှုနေကြထောင်ပေါင်းများစွာတို့ကို တအံ့တသြ ဖြစ်စေခဲ့ပြီး လက်ခုပ်သံများ၊ အားရဟစ်ကြွေးသံများဖြင့် ဆူညံသွားလေသည်။ `အံ့ဖွယ်ပါပဲဗျာ။ အင်မတန်မြင်ရခဲတဲ့ မြင်ကွင်းပါပဲ။` နှစ်စဉ်နီးပါး အခြားပုံစံများဖြင့် နေကြတ်ခြင်းများဖြစ်ပွားလေ့ရှိသော်လည်း မီးကွင်းသဏ္ဍာန်နေကြတ်ခြင်းမှာ ဖြစ်ခဲလှပြီး ၁၉၉၄ ခုနှစ်က တစ်ကြိမ်အမေရိကန်ပြည်ထောင်စုတွင်နောက်ဆုံးမြင်ခဲ့ရသည်။ ယခုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ကြိမ်ဖြစ်ရန် ၂၀၂၃ အထိစောင့်ရမည်ဖြစ်သည်။ ကမ္ဘာ၊ နေနှင့် လတို့ ပတ်လမ်းကြောင်းများအတွင်း လည်ပတ်နေရာတွင် မီးကွင်းသဏ္ဍာန်ဖြစ်ပေါ်ရန် အချက်အလက်များနှင့် တိုက်ဆိုင်မှသာ ဖြစ်ပေါ်နိုင်ကြောင်း နာဆာအာကာသသိပ္ပံပညာရှင် ဂျဖာရီနယူးမာ့ က ပြောသည်။ မီးကွင်းသဏ္ဍန်ဖြစ်ပေါ်ရန် လသည် ကမ္ဘာနှင့် အဝေးဆုံးနေရာမှတ်တစ်ခုသို့ရောက်ရှိနေပြီး နေနှင့် ပိုမိုနီး ကပ်နေရမည်ဖြစ်သည်။ ထို့နောက် ပတ်လမ်းကြောင်းများတစ်တန်းတည်းကျရောက်ချိန်တွင် နေဝန်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပိတ်ဆို့လိုက်လေသည်။ ယခုနေကြတ်ခြင်းမှာ မှောင်အတိမိုက်သွားခြင်းမရှိခဲ့ပေ။ ညအိပ်မီးမှိန်မှိန်ထွန်းထားသကဲ့သို့ နေ့အလင်း ရောင် ဖျော့တော့သွားခဲ့ပြီး လပြန်လည်ထွက်ခွာသွားသောအခါပြန်လည်ထွန်းလင်းလာခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။