Thursday, May 17, 2012

မြောက်ကိုရီးယား နျူဓါတ်ပေါင်းဖိုသစ်တည်ဆောက်

မြောက်ကိုရီးယားတွင် စမ်းသပ်အသေးစားနျူကလီးယားဓါတ်ပေါင်းဖို (ELWR) တည်ဆောက်မှုပြန်လည်လုပ်ဆောင် နေကြောင်း ၊ ယင်းဓါတ်ပေါင်းဖိုမှတဆင့် နျူကလီးယားလက်နက်ထုတ်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများပိုမို ထုတ်လုပ်ရယူ နိုင်စွမ်းကြောင်း 38 North သတင်းဝက်ဘ်ဆိုက်တွင် ရေးသားဖေါ်ပြထားသည်။ ဧပြီလ ၃၀ ရက်နေ့ရရှိသော ဂြိုလ်တုဓါတ်ပုံများအရ ဒီဇင်ဘာလအတွင်းက ရပ်ဆိုင်းထားခဲ့သော အဆိုပါဓါတ်ပေါင်း ဖိုကို ပြန်လည် လည်ပတ်နေကြောင်း ဝက်ဘ်ဆိုက်က ရေးသားထားသည်။ အဆိုပါဝက်ဘ်ဆိုက်သည် ဂျွန်ဟော့ဖ် ကင်း တက်က္ကသိုလ်အခြေစိုက် အမေရိကန်-ကိုရီးယားဖက်စက် အဖွဲ့နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ဂျိုးလ်ဝစ်တို့ ပူးပေါင်းတည်ထောင်ထားသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ဓါတ်ပေါင်းဖိုသည် မြောက်ကိုရီးယားနိုင်ငံ ယောင်ဗျွန်းတွင်တည်ရှိပြီး ပြုံယမ်းအစိုးရအနေနှင့် ပထမဦးဆုံးအကြိမ် အဖြစ် အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံများဖြင့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မည့် အစီအစဉ်ကို အကောင် အထည်ဖေါ်မည်ဖြစ်သည်။ မြောက်ကိုရီးယားကို အမေရိကန်နှင့် တရုတ်တို့က ယင်းကိစ္စနှင့် ပတ်သက်ပြီးသတိပေး ထားလေသည်။ `ပြုံယမ်းက ELWR တစ်လုံးတည်ဆောက်နေတာဟာ နောက်ထပ် ဓါတ်ပေါင်းဖိုတွေဆက်လက်တည် ဆောက်မယ့် လက္ခဏာကိုဖေါ်ပြနေခြင်းဖြစ်ပါတယ်။ ယောင်ဗျွန်းဓါတ်ပေါင်းဖိုတည်ဆောက်နေခြင်းနဲ့အတူ မြောက်ကိုရီးယားက အနာဂတ်မှာ နျူကလီးယားလက်နက်တွေ အစုလိုက်အပြုံလိုက်ဆက်လက်တည်ဆောက်မယ့် ရည်ရွယ်ချက်ရှိနေတာကို ဖေါ်ပြနေပါတယ်။` ဟု 38 North ဝက်ဘ်ဆိုက်က ရေးသားဖေါ်ပြထားလေသည်။ ဆက်လက်၍ နောက်ထပ်တစ်နှစ်၊ နှစ်နှစ်အတွင်း ဓါတ်ပေါင်းဖိုကိုကောင်းစွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ဓါတ်ပေါင်းဖိုတစ်ခုလုံးနီးပါး ပြီးစီးလုဖြစ်ကြောင်း ဂြိုလ်တုဓါတ်ပုံများကို အခြေခံ၍ ဝက်ဘ်ဆိုက်တွင် ရေးသားထား သည်။ မြောက်ကိုရီးယားကမူ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက်သာရည်ရွယ်သည်ဟု ပြောဆိုလျက်ရှိသော်လည်း ၎င်းတို့ဧ။် နျူကလီးယားအဖျက်စွမ်းအားကို ထုတ်ဖေါ်ပြောဆိုလျက်ရှိပြီး ဆီးရီးယား၊ လစ်ဗျား၊ မြန်မာနှင့် ပါကစ္စတန်တို့နှင့်ပါ နျူကလီးယားကုန်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ မြောက်ကိုရီးယားသည်၂၀၀၃ ခုနှစ်ချုပ်ဆိုသော နျူကလီးယားမပြန့်ပွားရေးစာချုပ်မှ ပထမဦးဆုံးနှုတ်ထွက်သွားသော နိုင်ငံဖြစ်ပြီး ၎င်း၏နျူကလီးယားစက်ရုံများသို့နိုင်ငံတကာမှ စစ်ဆေးရေးအဖွဲ့များ ဝင်ရောက်လေ့လာစစ်ဆေးခြင်းကို လက်မခံသော နိုင်ငံဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရန်အစီအစဉ်ရှိကြောင်း ကြေငြာခဲ့ပြီး နိုင်ငံတကာစစ်ဆေးရေးအဖွဲ့များ ကိုလက်ခံမည်ဟူသော ကတိကိုလည်း ဖျက်ခဲ့ပြန်သည်။ လက်ရှိအချိန်အထိမူ မြောက်ကိုရီးယားတွင် ပလူတိုနီယံထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ သို့သော် နျူကလီးယားကျွမ်း ကျင်ပညာရှင် ဆီးဖရိုက်ဟက်ကာ၏ သုံးသပ်ပြောကြားချက်အရ ၂၀၁၀ ခုနှစ်အတွင်းက သူ့ကိုမြောက်ကိုရီးယားက အဆင့်မြင့် ယူရေနီယံ သန့်စင်စက်များကို ပြသခဲ့သဖြင့် အဆင့်မြင့်ယူရေနီယံသန့်စင်ထုတ်လုပ်နိုင်သော အနေအထားတွင်ရှိကြောင်း ပြောဆိုခဲ့သည်။ 38 North မှ ရေးသားဖေါ်ပြချက်အရ မြောက်ကိုရီးယား၏ ELWR အသစ် စတင်လည်ပတ်နိုင်ပြီဆိုလျင် တစ်နှစ်လျင် နျူကလီးယားလက်နက် တစ်ခုထုတ်လုပ်နိုင်လောက်အောင် လုံလောက်သော ယူရေနီယံများရရှိနိုင် မည်ဖြစ်ကြောင်း ဆိုသည်။ Source : Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။