Wednesday, May 30, 2012

ဗီယက်နမ် စစ်ပွဲပြီးဆုံးခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်ကျင်းပ (ဗွီဒီယိုသတင်း)

၁၀ နှစ်ကြာဆင်နွှဲခဲ့သည့် ဗီယက်စစ်ပွဲတွင် အမေရိကန်စစ်သည် ၅၈ ၀၀၀ သေဆုံးခဲ့ရပြီး နှစ် ၅၀ မြောက် အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားတစ်ရပ်ကို အမေရိကန် စစ်ပြန်များကဦးဆောင် ကျင်းပခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား အောက်မေ့ဖွယ်စကားပြောကြားခဲ့ရာတွင် အမေရိကန်သမိုင်းတွင် ဗီယက်နမ်စစ်ပွဲသည် နာကျင်ခံစားရဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ထို့နောက် အီရတ်တွင် အမေရိကန်စစ်သားများ မရှိတော့ပါဟု ကိုးနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်ပြောကြားခဲ့လေသည်။ သို့သော် အချို့သော စစ်ပြန်များနှင့် အရပ်သားများအတွက်မူ အမေရိကန်သမိုင်းတွင် အရှည်လျားဆုံး ဖြစ်သော အာဖဂန်စစ်ပွဲနှင့် ကိုးနှစ်ကြာမြင့်ခဲ့သော အီရတ်စစ်ပွဲများအတွက်မူ လောလောလတ်လတ် ခံစားနေရဆဲ ဖြစ်သည်။ အချို့စစ်ပြန်များက ၎င်းတို့အားချီးမြှင့်ထားသော ဆုတံဆိပ်များကို လွှင့်ပစ်ခဲ့ကြလေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။