Tuesday, June 5, 2012

ကမ္ဘာနှင့် နေကြား သောကြာဂြိုလ်ဖြတ်သန်း

သောကြာဂြိုလ်ဖြတ်သန်းသွားပုံကို ဟောင်ကောင်မှ မြင်ရပုံ
ဗီးနပ်စ်ခေါ် သောကြာဂြိုလ်သည် နေနှင့် ကမ္ဘာကြားဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းသို့နောက်တစ်ကြိမ် ဖြတ်သန်းရန် ၂၁၁၇ ခုနှစ်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ နေနှင့် ကမ္ဘာကြား သောကြာဂြိုလ် ယခုကဲ့သို့ ဖြတ်သန်းသွားလာမှုသည် ရာစုနှစ် တစ်ခုအကြာအတွင်း နှစ်ကြိမ်သာဖြစ်ပေါ်လေ့ရှိပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ရှစ်နှစ်ခန့်ခြားသည်။ ဖြတ်သန်းသွားနေစဉ်အချိန် အတွင်း သောကြာဂြိုလ်သည် နေနောက်ခံတွင် အစက်အပြောက်ကလေးတစ်ခုအဖြစ် ကမ္ဘာမှတွေ့မြင်ရ မည်ဖြစ်ပြီး ပန်းကန်ပြားပေါ်တွင် ပိုးကောင်လေးတစ်ကောင်သွားနေသည့် ပုံစံမျိုးဖြစ်ကြောင်း ဆိုသည်။ အင်္ဂါနေ့တွင် ဖြတ်သန်းသွားမည်ဖြစ်ပြီး ၂၀၀၄ ခုနှစ်အတွင်းကတစ်ကြိမ်ဖြတ်သန်းသွားခဲ့ပြီး ဖြစ်ရာ ယခုရာစုနှစ်အတွင်း နောက်ဆုံးအကြိမ်ဖြတ်သန်းသွားမှုဖြစ်သည်။ ဂရင်းနစ်စံတော်ချိန် (GMT) ၂၂း၀၉ နာရီတွင် စတင်ဖြတ်သန်းမည်ဖြစ်ပြီး ဖြတ်သန်းချိန်စုစုပေါင်း ၆ နာရီနှင့် ၄၀ မိနစ်ကြာမြင့်မည်ဖြစ်သည်။ ကြည့်ရှုသူများ၏ တည်နေရာပေါ်မူတည်၍ ကြာချိန်စုစုပေါင်း ၇ မိနစ်ခန့်အထိ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သိရသည်။ Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။