Saturday, June 9, 2012

အိုင်ဗရီကို့စ်တွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ အသတ်ခံရ

အိုင်ဗရီကို့စ်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ကို ခြုံခိုတိုက်ခိုက်ခံရသဖြင့် ငြိမ်းချမ်းရေးတပ်သား ၇ ဦးသေဆုံးခဲ့ပြီး နိုင်ဂျီးရီးယားကဲ့သို့နိုင်ငံမျိုးတွင် ပထမဦးဆုံအကြိမ်အဖြစ် ယင်းသို့တိုက်ခိုက်မှုမျိုးခံရခြင်း ဖြစ်သည်။ `တိုင်ဒေသတွင်းမှာ ကင်းလှည့်သွားလာနေတဲ့ နိုင်ဂျာလူမျိုး UNOCI ငြိမ်းချမ်းရေးတပ်သား ၇ ဦးကျဆုံးခဲ့ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံ တိုင်ဒေသမှာ အရပ်ဘက်လုပ်ငန်းတွေကို တိုက်ခိုက်ခြိမ်းခြောက်မှုတွေ များပြားလာတဲ့ အတွက် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ မကြာသေးခင်ကမှ တိုးမြှင့်ချထားပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။` ဟု ငြိမ်းချမ်းရေးတပ်ဖွဲ့မှ ထုတ်ပြန်သောကြေငြာချက်တွင် ဖေါ်ပြထားသည်။ ယင်းဒေသများတွင် တိုက်ခိုက်မှုများကြောင်း အရပ်သားများ အများအပြားထွက်ပြေးနေကြကြောင်း ကုလသမဂ္ဂသတင်းရပ်ကွက်မှ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းဌာနက တင်ပြခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှူးဘန်ကီမွန်က အဆိုပါတိုက်ခိုက်မှုအတွက် အလွန်အမင်းဒေါသထွက် ကြောင်း ပြောကြားခဲ့ပြီး `လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ ရန်ကနေ အရပ်သားတွေကို အကာအကွယ်ပေးဖို့ နောက်ထပ် ငြိမ်းချမ်းရေးတပ်သား အယောက် ၄၀ ကျော် ရွာသားတွေနဲ့ အတူ ရှိနေပါသေးတယ်။` ဟု ဘန်ကီမွန်က ပြောသည်။ UNCOI ငြိမ်းချမ်းရေးတပ်ဖွဲ့များသည် အိုင်ဗရီကို့စ်တွင် ပြည်တွင်းစစ်ဖြစ်ပွားနေစဉ်ကာလ ၂၀၀၃ ခုနှစ် ကတည်းက ရောက်ရှိထိန်းသိမ်းပေးနေခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဏာရသမ္မတ လောရင့် ဂဘာဂဘိုက သူ့ကိုယ်သူအနိုင်ရကြောင်း ကြေငြာခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဆက်လက်ထားရှိ စေခဲ့သည်။ အတိုက်အခံ သမ္မတ အလက်ဆိန်းအောက်တာရာနှင့် စစ်တပ်မှ ဂဘာဂဘိုကို လပေါင်း အတန်ကြာမှ ဂဘာဂဘိုကို ဖြုတ်ချနိုင်ခဲ့သည်။ ထိုစဉ်က မြို့တော်အဘစ်ဂျန် လေဆိပ်ကို ငြိမ်းချမ်းရေးတပ် ဖွဲ့များက ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဂဘာဂဘို၏ တပ်ဖွဲ့များကို ပစ်ခတ်ခဲ့ရလေသည်။ အိုင်ဗရီကို့စ်အနောက်ပိုင်းတွင် မတည်ငြိမ်မှုများဆက်လက်ဖြစ်ပွားနေပြီး ရွေးကောက်ပွဲပြီးနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများနှင့် သေကြမှုများ နေရာအနှံ့တွင် ဖြစ်ပွားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၏ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာတွင် ၂၀၁၁ ဇူလိုင်လမှစ၍ ဂဘာဂဘိုနောက်လိုက် တပ်ဖွဲ့များ၏ သတ်ဖြတ်မှု ကြောင့် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဖေါ်ပြထားသည်။ ဂဘာဂဘိုကို ဧပြီလ ၁၁ ရက်နေ့ ၊ ၂၀၁၁ တွင်ဖမ်းဆီးရမိခဲ့ပြီး စစ်ရာဇဝတ်မှုဖြင့် နိုဝင်ဘာလမှ စ၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတော် ICC တွင် တရားစွဲဆိုထားသည်။ အိုင်ဗရီကို့စ်တွင် UNOCI တပ်ဖွဲ့ဝင် ၁၁ ၀၀၀ ခန့် စေလွှတ်ထားသည်။ သောကြာနေ့ကအထိ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၆၀ ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင် တစ်ဦး ၊ နိုင်ငံတကာနှင့် ဒေသတွင်းအရပ်သား ၁၄ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။