
အီရန်နျူကလီးယားအရေးအတွက် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဆွေးနွေးပွဲ မော်စကိုမြို့တွင် ကျင်းပလျက်ရှိသည်။
ယင်းဆွေးနွေးပွဲို့ တနင်္လာနေ့က စတင်ခဲ့ပြီး နှစ်ရက်ကြာကျင်းပမည်ဖြစ်သည်။ မေလအတွင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် အီရန်က နှုတ်ထွက်ရန် ပြင်ဆင်ခဲ့သည်။
ယခုမော်စကိုတွင် ကျင်းပသည့်ဆွေးနွေးပွဲတွင်ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမဏီတို့ တက်ရောက်ခဲ့ကြပြီး အီရန်တွင် ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီးသည့်အပေါ် စိုးရိမ်သည့်အကြောင်း အဓိကထားပြောဆိုမည်ဖြစ်သည်။
အီရန်နှင့် ကမ္ဘာ့နိုင်ငံများကြား အီရန်နျူကလီးယားအရေး သံတမန်နည်းလမ်းများဖြင့် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ပါက အစ္စရေးလ်က အီရန်နျူကလီးယားစက်ရုံများကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားသဖြင့် ဒေသတွင်းတည်ငြိမ်မှုပျက်ပြားပြီး ကမ္ဘာ့ရေနံဈေးကွက်တွင်လည်း ရေနံဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည်။
သို့သော် ဧပြီလအတွင်းမှစ၍ ယခုအချိန်အထိ နှစ်ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီ ချက်တစ်ခုရရှိရန် နီးစပ်သည့်အနေအထားမျိုးပင် မတွေ့ရသေးပေ။
`နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အီရန်ကနေ တစ်စုံတစ်ရာသဘောတူညီချက်ရရှိဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။` ဟု ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ဆိုသည်။
ဆယ်စုနှစ်တစ်ခုခန့်ကြာမြင့်ခဲ့ပြီဖြစ်သော အီရန်နျူကလီးယားအရေးအား ယခုမော်စကို ဆွေးနွေးပွဲဖြင့် ပြေလည်သွားနိုင်မည့် အခွင့်အလမ်းအလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများနှင့် သံတမန်များက သုံးသပ်ကြသည်။
သို့သော် ခြောက်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တွန်က ခိုင်မာသည့်အဖြေတစ်ခုရရှိလာသည်အထိ ဆက်လက်ဆွေးနွေးသွားနိုင်မည့် နောက်ထပ်ဆွေးနွေးပွဲများပြုလုပ်ရန် အီရန်ထံမှ စိတ်ပါဝင်စားမှုတစ်ခုရရှိနိုင်လိမ့်မည်ဟု အနည်းဆုံးအား ဖြင့် မျှော်လင့်ထားကြောင်း ဆိုသည်။
Source: Al Jazeera
Posted in: အရှေ့ အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment