Sunday, June 3, 2012

ဂါနာတွင် လေယာဉ်က ကားကိုဝင်တိုက်၊ ဆယ်ဦးသေဆုံး

ဂါနာနိုင်ငံမြို့တော် အက်ခရာတွင် ဆင်းသက်ရန်ကြိုးပမ်းခဲ့သော ကုန်တင်လေယာဉ်တစ်စင်း စက်ချို့ယွင်းပြီး ကားလမ်းမပေါ်သို့ တက်သွားရာမှ ကားများ၊ ဘတ်စ်ကားများနှင့် တိုက်မိပြီး အနည်းဆုံး လူ ၁၀ ဦးခန့်သေဆုံးခဲ့ရသည်။ စနေနေ့ညက အက်ခရာမြို့ရှိ ကော့တိုကာ လေယာဉ်ကွင်းသို့ ဆင်းသက်ရန်ကြိုးပမ်းခဲ့သောလေယာဉ်ဖြစ် ပြီး လေယာဉ်ကွင်းအနီးတွင် မြင့်မားသော အဆောက်အဦသစ်များ၊ ဟိုတယ်များ နှင့် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးရုံးရှိသည်။ အယ်ဂျာဇီယာသတင်းထောက် ယူဗွန်နက်ဂ်ျ သတင်းပေးပို့ခဲ့ရာတွင် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လေယာဉ်သည် ပြေးလမ်းကို လွန်ထွက်လာပြီး လေယာဉ်ကွင်းခြံစည်းကိုတိုက်ဖျက် သွားကာ ကားလမ်းမပေါ်ရှိကားများအား ဝင်ဆောင့်ခြင်းဖြစ်ကြောင်း ပြောသည်။ ဂါနာမီးသတ်ဌာန ပြောခွင့်ရ ဘီလီအန်နာဂလိတ်က သေဆုံးသူများမှာ လေယာဉ်နှင့် တိုက်မိသော ကားပေါ်တွင် လိုက်ပါလာကြသူများဖြစ်ကြောင်း ဆိုသည်။ ဆေးရုံကားများရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့လေသည်။ လေယာဉ်သည် ဘိုးအင်း ၇၂၇-၂၀၀ အမျိုးအစားဖြစ်ပြီး နိုင်ဂျီးရီးယား Allied Air လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်ဖြစ်ကြောင်း ဂါနာလေကြောင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူကပြောသည်။ `လေယာဉ်က မာစီဒီးဗင်ကား အငယ်တစ်စီးကို ဝင်တိုက်ပစ်လိုက်ပြီး ၁၀ ယောက်သေတယ်လို့ အတည်ပြုထားပါတယ်။ လေယာဉ်မှူးတွေကတော့ ဘာမှ မဖြစ်ပါဘူး။` ဟု သူကပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။