Saturday, June 2, 2012

ဂါဇာ-အစ္စရေးလ်နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား

သားဖြစ်သူပါလက်စတိုင်း တိုက်ခိုက်ရေးသမားဓါတ်ပုံကို ပြသနေသော ဖခင်
ဂါဇာနှင့် အစ္စရေးလ်နယ်စပ်တွင် ပစ်ခတ်မှုကြောင့် အစ္စရေးလ်စစ်သားတစ်ဦးနှင့် ပါလက်စတိုင်းတိုက်ခိုက် ရေးသမားတစ်ဦးတို့သေဆုံးခဲ့ကြောင်း နှစ်ဘက်စလုံးမှ ပြောကြားခဲ့သည်။ `ဒီနေ့မနက်အစောပိုင်းက အစ္စရေးလ်စစ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်တောင်ဘက် ကနေ အစ္စရေးလ်ထဲကို ဝင်ရောက်လာတဲ့ အကြမ်းဖက်သမားတစ်ဦးနဲ့ အစ္စရေးလ်စစ်သားတစ်ဦးတို့ အပြန်အလှန်ပစ်ခတ်ကြပြီးတော့ အစ္စရေးလ်စစ်သားရော အကြမ်းဖက်သမားရော သေဆုံးသွားကြပါတယ်။`ဟု အစ္စရေးလ်စစ်တပ်မှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အစ္စလမ်ဂျီဟက်အုပ်စုကလည်း ၎င်းတို့အဖွဲ့ဝင်ဖြစ်သူ အသက် ၂၀ ရှိ အာမက်နက်ဆာ သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်နက်ကိုင် အုပ်စု အယ်ကဒ်အဖွဲ့က ပါလက်စတိုင်း တိုက်ခိုက်ရေးသမား အာမက်နက်ဆာသည် သူရဲကောင်းပီသစွာသေဆုံးသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆက်၏ ဖခင်ဖြစ်သူက သူ့သားသည် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ `အာမက်ရဲ့ သူရဲကောင်းပီသမှုအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ အာမက်က အစ္စရေးလ်စစ်သား တစ်ယောက်ယောက်ကို ပြန်ပေးဆွဲနိုင်ဖို့ ဒါမှမဟုတ် သတ်နိုင်ဖို့ အမြဲပြောလေ့ရှိပါတယ်။ သားသေဆုံးသွား တဲ့ အတွက် ဝမ်းနည်းပေမယ့် သူ့ရဲ့အာဇာနည်လုပ်ရပ်အတွက် ဂုဏ်ယူပါတယ်။` ဟု အစ္စလာမ္မစ်ဂျီဟက် ကိုထောက်ခံသည့် ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။ အစ္စရေးလ်စစ်သား၏ အမည်မှာ နစ်နယ်လ်မိုရှီယာရှီဗလီဖြစ်ပြီး တောင်ပိုင်း အက်ရှ်ကယ်လွန်မြို့မှ ဖြစ်သည်။ ယင်းအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အစ္စရေးလ်လေယာဉ်များနှင့် တင့်ကားများက ဂါဇာနယ်အတွင်းသို့ သတိပေးပစ်ခတ်ခဲ့သည်။ ခန်းယူးနစ်နယ် အရှေ့ပိုင်းသို့ အမြောက်ဆံများကျရောက်ခဲ့ပြီး ဂျုံခင်း ၃ ဟက်တာခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။ သောကြာနေ့ နံနက်ပိုင်းက ဂါဇာဘက်မှ ပုခုံးထမ်းအမြောက်ဆံနှစ်ခု အစ္စရေးလ်ဘက်သို့ကျရောက်ခဲ့ ကြောင်း အစ္စရေးလ်စစ်တပ် ပြောခွင့်ရအမျိုးသမီးတစ်ဦး ဆိုသည်။ သို့သော် မည်သည့် ပျက်စီးသေဆုံးမှု သတင်းကိုမျှ မကြားရပေ။ ထို့နောက် သောကြာနေ့ နေ့လည်ပိုင်း တွင် အစ္စရေးလ်က လေကြောင်းမှ ပြန်လည်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သုံးဦးဒဏ်ရာရရှိခဲ့ သည်။ `အစ္စရေးလ်ကို ပုခုံးထမ်းအမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေရှိတဲ့ နေရာကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။` ဟု အစ္စရေးလ်စစ်တပ်က ပြောသည်။ ဂါဇာရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့များက ခန်းယူးနစ်အရှေ့ဘက်တွင် မော်တော်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး ထိမှန်ခဲ့ပြီး လူထုတော်လှန်ရေးကော်မီတီ မှ အဖွဲ့ဝင်သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။ အစ္စရေးလ်စစ်သားနှင့် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတို့ အပြန်အလှန်ပစ်ခတ်သေဆုံးမှုဖြစ်ပွားပြီး နောက် တင့်ကားများနှင့် အတူ အစ္စရေးလ်စစ်သားများ ခန်းယူးနစ်သို့ ဝင်ရောက်လာပြီး လူတစ်ဦးကို ဖမ်းဆီးသွားခဲ့ကာ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ အဆိုပါသတင်းကို အစ္စရေးလ်စစ်တပ်က အတည်မပြုခဲ့ပေ။ ဂါဇာတွင် တင်းမာမှုများဖြစ်ပေါ်နေသောကြောင့် ဟားမားအဖွဲ့ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ၏ အပတ်စဉ်သောကြာနေ့တိုင်း ပြုလုပ်နေသော လူထုမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရကြောင်း ၎င်း၏ ရုံးအဖွဲ့က ပြောသည်။ အစ္စရေးလ်စစ်တပ်က ဂါဇာနယ်စပ်အတွင်းပိုင်း အထိနေရာယူထားပြီး ယင်းနေရာသို့ ပါလက်စတိုင်းများ ဝင်ရောက်ခြင်းခွင့်မပြုပေ။ ထို့ပြင် အစ္စရေးလ်စစ်တပ်က မကြာခဏစစ်ဆင်ရေးပြုလုပ်လေ့ရှိသည်။ လွန်ခဲ့သော အပတ်က နယ်စပ်တွင် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများနှင့် အစ္စရေးလ်စစ်သားများ အပြန်အလှန်ပစ်ခတ်မှုကြောင့် အစ္စရေးလ်အရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။