Tuesday, June 5, 2012

နိုင်ဂျီးရီးယား လေယာဉ်ပျက်ကျ၊ ၁၅၃ ဦးသေဆုံး

နိုင်ဂျီးရီးယားတွင် ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၅၃ ဦးစလုံး သေဆုံး ခဲ့ရသဖြင့် နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ဂျွန်နသန်က နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ်ကြေငြာခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက တနင်္လာနေ့က အနံ့ခံခွေးများ၊ ဝန်ချီစက်များဖြင့် အပျက်အစီးများကို ရှင်းလင်း ဖယ်ရှားကာ အလောင်းများကို ရှာဖွေလျက်ရှိပြီး လေယာဉ်ပျက်ကျခြင်းကြောင်း မြေပြင်ပေါ်ရှိ လူများ ထိခိုက်သေဆုံးမှုရှိ၊ မရှိဆိုသည်ကိုလည်း မသိရသေးပေ။ လေယာဉ်ပျံသန်းမှုမှတ်တမ်းအသံဖမ်းကိရိယာ Black Box ကိုလည်း တာဝန်ရှိသူများက ရှာဖွေလျက်ရှိသည်။ လေယာဉ်ပျက်ကျသည့်နေရာကို လေ့လာပြီးသည့်နောက် နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံးလေကြောင်း မတော်တဆမှုဖြစ်ကြောင်း၊ နိုင်ငံတော် လေကြောင်းလုပ်ငန်းကို ထိခိုက်နစ်နာစေကြောင်း သမ္မတကပြော ကြားခဲ့သည်။ `နောက်တစ်ခါ ဒီလိုအဖြစ်မျိုးထပ်ပြီး မကြုံတွေ့ရအောင်ကြိုးစားမယ်လို့ ကျွန်တော်ကတိပေးပါတယ်။` ဟု သမ္မတက ပြောသည်။ အယ်ဂျာဇီယာသတင်းထောက် ယူဗွန်နက်ဂ်ျ လာဂို့စ်မှ သတင်းပေးပို့ခဲ့ရာတွင် အဆိုပါလေယာဉ်မပျက်ကျ မီ အချိန်ပိုင်းကလေးတွင် လေကြောင်းထိန်းသိမ်းရေးဌာနတွင် ပြဿနာတစ်စုံတစ်ခုဖြစ်ပွားခဲ့သည်ဟု နိုင်ဂျီရီးယားလေကြောင်းဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ဆိုသည်။ သို့သော် လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကိုမူ တာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးကြောင်း ဆိုသည်။ `အင်ဂျင်စက်ချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ အခုအချိန်အထိ ကြားသိရသမျှတွေအရတော့ ဒီအချက်ကြောင့်သာ ဖြစ်နိုင်ပါတယ်။` ဟု သတင်းထောက်က ကောက်ချက် ချသည်။ လေယာဉ်သည် အဘူဂျာမြို့မှ လာဂို့စ်မြို့သို့ ပျံသန်းလာသော ဒါနာလေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ လေယာဉ်သည် ဘိုးရင်း MD ၈၃ လေယာဉ်အမျိုးအစားဖြစ်ပြီး လာဂို့စ် မာတာလာမူဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လူနေထူထပ်သော နေရာသို့ ဇွန်လ ၃ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆောက်အဦများ လည်း ပျက်စီးသွားခဲ့ရသည။် အောက်ဖေါ်ပြပါ အချက်အလက်များမှာ ၂၀၀၂ ခုနှစ်မှစ၍ ယခုအချိန်အထိ နိုင်ဂျီးရီးယားတွင် လေယာဉ်ပျက်ကျ သေဆုံးမှုများဖြစ်သည်။ ဇွန်လ ၃ ရက်နေ့၊ ၂၀၁၂ – အဘူဂျာမှ လာဂို့စ်သို့ပျံသန်းထွက်ခွါလာသော ဒါနာလေကြောင်းပိုင်လေယာဉ်ပျက်ကျပြီး ၂၅၃ ဦး သေဆုံး အောက်တိုဘာ ၂၉၊ ၂၀၀၆ – အဘူဂျာမှ ဆိုကိုတိုသို့ ပျံသန်းထွက်ခွါလာသော လေကြောင်းဖွံ့ဖြိုးရေး ကုမ္ပဏီပိုင် လေယာဉ်ပျက်ကျပြီး ၉၆ ဦးသေဆုံး ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၀၅ ခုနှစ် - အဘူဂျာမှ ပေါ့ထ် ဟားကို့တ်သို့ပျံသန်းထွက်ခွါလာသော ဆိုဆိုလီဆို လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျပြီး ၁၀၇ ဦးသေဆုံး အောက်တိုဘာ ၂၂ ရက်၊၂၀၀၅ – ဘဲလ်ဗျူးလေကြောင်းလိုင်းပိုင်လေယာဉ်ပျက်ကျပြီး ၁၁၇ ဦးသေဆုံး မေလ ၄ ရက်၊ ၂၀၀၂ – EAS လေကြောင်းလိုင်းပိုင် လေယာဉ် တောင်ပိုင်း ကာနိုမြို့ပေါ်သို့ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် ၇၇ ဦးလိုက်ပါလာရာ ၇၃ ဦးနှင့် မြေပြင်ရှိ ၇၆ ဦး သေဆုံးခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။