Tuesday, June 12, 2012

လစ်ဗျားတွင် ဗြိတိန်သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရ

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဗြိတိန် သံတမန်ယာဉ်တန်း တိုက်ခိုက်ခြင်းခံခဲ့ရပြီး အဆိုပါယာဉ်တန်းတွင် လစ်ဗျားဆိုင်ရာ ဗြိတိန်သံအမတ်ပါဝင်ကြောင်း ဗြိတိန်သံရုံးပြောခွင့်ရ အမျိုးသမီးကပြောသည်။ ယာဉ်တန်းမှာသံရုံးနှင့် မီတာ ၃၀၀ ခန့်အကွာတွင် တနင်္လာနေ့က တိုက်ခိုက်ခံရခြင်းဖြစ်သည်။ `တနင်္လာနေ့က ဘင်ဂါဇီမှာ ဗြိတိန်သံအမတ်လိုက်ပါစီးနင်းလာတဲ့ သံရုံးယာဉ်တန်း တိုက်ခိုက်ခံခဲ့ ရပါတယ်။ အနီးကပ်လုံခြုံရေးယူထားတဲ့ ဝန်ထမ်းနှစ်ဦးဒဏ်ရာရရှိခဲ့ပြီးတော့ အခြားဝန်ထမ်းတွေကတော့ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါဘူး။` ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့ပြီး ဒဏ်ရရရှိထားသူနှစ်ဦး ဆေးကုသမှု ခံယူနေကြောင်း ပြောသည်။ ယာဉ်တန်းကို ပုခုံးထမ်းအမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ `ကျွန်မတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး လစ်ဗျား အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။` ဟု သူမကပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။