Tuesday, June 5, 2012

ကနေဒါ လူသတ်သမားကို ဘာလင်တွင် ဖမ်းမိ

လုခ်ရော့ကိုမဂ္ဂနော့တာ
ယခင်အပတ်က ကနေဒါတွင် လူတစ်ယောက်ကို သတ်ပြီး အစိတ်အပိုင်းများဖြတ်တောက်နေပုံကို ဗွီဒီယို ရိုက်ခဲ့ပြီး ဖြတ်တောက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စာတိုက်မှတစ်ဆင့် ပို့ဆောင်ခဲ့သော တရားခံ အသက် ၂၉ နှစ်ရှိ ညစ်ညမ်းဗွီဒီယိုသရုပ်ဆောင်ဖြစ်သူ လုခ်ရော့ကိုမဂ္ဂနော့တာကို ဂျာမဏီတွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ကနေဒါနှင့် ဂျာမဏီဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ တရားခံသည် ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေစဉ် အခြားသူတစ်ဦးက သူ့ကိုမှတ်မိသွားပြီး ရဲသို့သတင်းပေးပို့ခဲ့ပြီး ဖမ်းဆီးလိုက်နိုင်ကြောင်း ဘာလင်ရဲဌာန ပြောခွင့်ရ ခါစတင်ဇိစမာက ပြောသည်။ မဂ္ဂနော့တာကို ကနေဒါအာဏာပိုင်များက လူသတ်မှုအပါအဝင် အခြားအမှုများဖြင့်လည်း အလိုရှိနေသည်။ သူသည် အသက် ၃၃ နှစ်ရှိ တရုတ်လူမျိုးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ဂျွန်လင်းကို သတ်ဖြတ်ခဲ့ ပြီး ခန္ဓာကိုယ်ကို တစ်စစီပိုင်းဖြတ်ကာ ခြေထောက်ပြတ်တစ်ဖက်ကို ကနေဒါအာဏာပါတီဌာနချုပ်သို့ ပေးပို့ခဲ့သည်။ Source: Al jazerra

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။