Thursday, July 5, 2012

ကမ္ဘောဒီးယားတွင် ရောဂါဆန်းကြောင့် သုံးလအတွင်း ကလေး ၆၀ ကျော်သေဆုံး

ကမ္ဘောဒီယားတွင် သုံးလအတွင်း ကလေးသူငယ် ၆၀ ကျော်သေဆုံးခဲ့ရသည့် ရောဂါ၏ ဇစ်မြစ်ကို သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများ ရှာဖွေစမ်းစစ်လျှက်ရှိသည်။ ကမ္ဘောဒီယားကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေငြာ ချက်တွင် အာရုံကြောစံနစ်ဆိုင်ရာ ရောဂါလက္ခဏာများပါဝင်သော အသက်ရှူလမ်းကြောင်း ရောဂါကို လေ့လာနေ ကြောင်း ပြောကြားခဲ့သည်။ ဆေးရုံသို့ရောက်ရှိလာသော ရောဂါဖြစ်ပွားနေသည့် ကလေး ၆၂ ယောက်တွင် ၆၁ ယောက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အများစုမှာ ကမ္ဘောဒီးယားတောင်ပိုင်းဒေသမှ ကလေးများဖြစ်ကြပြီး ၎င်းတို့အချင်းချင်းကြားတွင်လည်း အဆက်အစပ်မရှိကြောင်း ဆိုသည်။ ထို့ကြောင့် ကူးစက်ပျံ့နှံ့သည့်ရောဂါလက္ခဏာမျိုးလည်း မတွေ့ရကြောင်း WHO ကပြောသည်။ `ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း၊ အနီးပတ်ဝန်းကျင်ကလူဆိုလို့ ဒီနေ့အထိ မကြားရသေးပါဘူး။` ဟု ဆိုသည်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုများသာ ပြုလုပ်ရသေးသဖြင့် ရောဂါလက္ခဏာများကို တိတိကျကျပြော၍မရသေးကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂဆိုင်ရာ ကျန်းမာရေးဌာနမှ ဆရာဝန် နီမာအက်စ်ဂါရီက ပြောသည်။ အဖျားပြင်းတက်ခြင်း၊ အဆုတ်နှင့်ပတ်သက်သောဝေဒနာခံစားရခြင်း နှင့် အချို့ကလေးများတွင် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများတွေ့ရကြောင်း နီမာအက်စ်ဂါရီက ပြောသည်။ နီးစပ်ရာအသိုင်းအဝိုင်းတွင်းကူးစက်ပျံ့နှံ့ပြီး အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားခြင်းမျိုးမရှိကြောင်း၊ သို့သော် အချိန်တို အတွင်းမှာပင် သေဆုံးမှုနှုန်းမြင့်မားခဲ့သဖြင့် ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း အက်စ်ဂါရီက ပြောသည်။ `ဒီရောဂါကြောင့် ကလေးငယ်အများအပြားသေဆုံးခဲ့ရတဲ့ အတွက် WHO ကလည်း စိုးရိမ်ပူပန်နေပါတယ်။` ဟု ဆိုသည်။ သေဆုံးကလေးငယ်များအားလုံးမှာ အသက် ၇ နှင့် အောက်ငယ်သော ကလေးများဖြစ်ကြပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံများနှင့် အနောက်တောင်ပိုင်း ဆီယမ်ရိပ် ရှိ ဆေးရုံများတွင် ကုသမှုခံယူခဲ့ကြသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။