Monday, July 2, 2012

ဂျပန်တွင် နျူကလီးယားစက်ရုံ ပြန်လည်လုပ်ကိုင်မှု လူထု မကျေနပ်

ဂျပန်နိုင်ငံတွင် နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်လုပ်ကိုင်ခြင်းကို မကျေမနပ် ဖြစ်ကြသော ဂျပန်နိုင်ငံသားများ ဆန္ဒသည့်အနေနှင့် စက်ရုံရှေ့တွင် သွားရောက်အော်ဟစ်ပြီး အချို့ကလည်း စက်ရုံအဝင်ဝပေါက်တွင် သွားရောက်ကခုန်နေခဲ့ကြသည်။ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံ ပြဿနာ ပေါ်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း နျူကလီးယားစက်ရုံအားလုံးကို ပိတ်ပစ်လိုက်ပြီးနောက် ပထမဦးဆုံး ပြည်လည်စတင် လည်ပတ်သည့် အိုဟိုင်းနျူကလီးယားစက်ရုံ အမှတ် ၃ ဖြစ်သည်။ ယင်းသည် ဖူကူအိခရိုင်အတွင်းတည်ရှိပြီး တနင်္ဂနွေနေ့က ပြန်လည်စတင်လည်ပတ်ခဲ့ကာ ဆန္ဒပြမှုများ ပေါ်ပေါက်လျှက်ရှိသည်။ လွန်ခဲ့သောလက ဝန်ကြီးချုပ်ယိုရှီဟီကိုနိုဒါက အိုဟိုင်းစက်ရုံအမှတ် ၃ နှင့် အမှတ် ၄ ကို ပြန်လည်လုပ်ကိုင်ရန် ညွှန်ကြားခဲ့ပြီး နျူကလီးယားလျှပ်စစ်စွမ်းအင် အသုံးမပြုလျှင် လူထုဘဝအခြေအနေမြင့်မားရေးကို ထိန်းသိမ်းထား နိုင်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော ဖူကူရှီးမား နျူကလီးယားစက်ရုံယိုစိမ့်မှုကြောင့် အန္တရာယ်ဖြစ်ပေါ်ခဲ့ သည့်အပေါ် လူထုအများစုက ထိတ်လန့်ကြောက်ရွံ့နေကြပြီး နျူကလီးယားစွမ်းအင် သုံးစွဲခြင်းကို ဆန့်ကျင်ကန့်ကွက် လျှက်ရှိသည်။ သောကြာနေ့ညနေပိုင်းက ဆန္ဒပြသူ သောင်းကျော် ဝန်ကြီးချုပ်နိုဒါ၏ နေအိမ်ရှေ့တွင် စုရုံးကာ နျူကလီးယားစက်ရုံ ပြန်လည်စတင်လုပ်ကိုင်ခြင်းကို မလိုလားကြောင်း ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။ ဂျပန်နိုင်ငံတွင် ဤမျှများပြားသောလူစုလူဝေးဖြင့် ဆန္ဒပြခြင်းဖြစ်ပွားမှု အလွန်ရှားပါးသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။