Monday, July 2, 2012

ကင်ညာ-ဆိုမာလီနယ်စပ်တွင် ပြန်ပေးဆွဲခံရသော NGO လုပ်သားလေးဦး ပြန်လည်လွတ်မြောက်

ကင်ညာနိုင်ငံ ဒါးဒက်ဘ် ဒုက္ခသည်စခန်းအနီးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော အကူအညီပေးရေးအဖွဲ့မှ နိုင်ငံခြားသားလေးဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ဆိုမာလီတောင်ပိုင်းတွင် ကင်ညာစစ်တပ်နှင့် ပြန်ပေး ဆွဲသွားသော အဖွဲ့တို့ တိုက်ပွဲငယ်ဖြစ်ပွားပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ကင်းရှင်းစွာ ရှိကြောင်း သိရသည်။ `သူတို့တွေ ကျွန်တော်တို့ဆီမှာ ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ရှိနေပါတယ်။` ကင်ညာစစ်တပ် ပြောခွင့်ရ ဆိုင်းရပ်အိုဂူနာက ပြောသည်။ ကင်ညာစစ်တပ်နှင့် ဆိုမာလီစစ်တပ်များပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဖြင့် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ `ဆိုမာလီနဲ့ ကင်ညာစစ်တပ်တွေ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီးတော့ ပြန်ပေးအဖွဲ့ထဲက တစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သုံးဦးကိုလည်း ဖမ်းဆီးထားလိုက်နိုင်ပါတယ်။` ဟု ဆိုသည်။ နော်ဝေဒုက္ခသည်ကောင်စီ (NRC) မှ လုပ်သားများဖြစ်ပြီး ကနေဒါ၊ နော်ဝေ၊ ဖစ်လစ်ပိုင် နှင့် ကနေဒါ-ပါကစ္စတန် ကပြားလူမျိုးများဖြစ်ကြသည်။ တစ်ယောက်မှာ ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိထားသည်မှ အပ အကြီးအကျယ်ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။