Sunday, October 16, 2011

ဂျပန်တွေ ဘာကြောင့်နိုင်ငံခြားတွေကို စိုက်ကြည့်နေတတ်တာလဲ …


နိုင်ငံခြားတိုင်းပြည်တွေမှာ အချိန်အတော်ကြာနေဖူးတဲ့ဘယ်သူမဆို ဒေသခံတွေရဲ့ ကိုယ့်ကိုစူးစိုက်ကြည့်တာတွေ၊ တိုးတိုးကြိတ် ကြိတ်ပြောနေတာတွေတွေ့ရင် အတော်အောင့်သီးအောင့်သက်နိုင်တဲ့ ခံစားချက်ကို ခံစားဖူးမှာပါ။ ကိုယ်ကလည်း သူစိမ်းဖြစ်နေ တာကိုး။
တိုကျိုဆိုတာတော့ ခေတ်မှီမြို့ကြီးတစ်မြို့ဖြစ်နေပေမယ့် အဲလိုအပြုအမူမျိုးတွေ ရှိနေသေးတာ အံ့သြစရာတောင်ကောင်း သေးတယ်။ မြို့လည်ခေါင် မဟုတ်တဲ့ အခြားနေရာတွေမှာနေတဲ့နေဖူးတဲ့သူတွေကို မေးကြည့်ပါ။
နိုင်ငံခြားသားအများစုကတော့ အဲဒီလိုအခံရခက်တဲ့အခြေတွေကို ကြုံရဖန်များလို့ အရေထူနေပါပြီ။ ဒါကိုဖြေရှင်းနိုင်ဖို့အတွက် လည်း အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခုကတော့ ရယ်ချင်စရာပါပဲ။
အသက် ၂၉ နှစ်ရှိ ဒီဂျေဂီတသမား အိုက်စလန်ဖွား အာနီခရစ္စဂျန်ဆန်က `ဂျပန်တွေဘာကြောင့်နိုင်ငံခြားသားတွေကို စိုက်ကြည့် ကြတာလဲ´ ဆိုတဲ့စာတမ်းကို စာအုပ်အဖုံးတစ်ခုလို ပုံစံပေါ်မှာ ဂျပန်လိုရေးပြီးစာလုံးအကြီးကြီးနဲ့ စာအုပ်တစ်အုပ်ပုံစံမျိုးဖြစ် အောင်လုပ်ထား တယ်။ ဘယ်နေရာဖြစ်ဖြစ် သူစာအုပ်တစ်အုပ်ကို ဖတ်မယ်ဆိုရင် အဲဒီစာအုပ်အဖုံးကို အပေါ်ကထပ်ပြီး အပြင်မှာ သူများမြင် အောင်ထားလိုက်မယ်။ ဒါဆို သူ့ကိုစိုက်ကြည့်မယ့်လူတွေ ဒီစာအုပ်ကိုမြင်ရင် ဒီပြဿနာကိုဖြေရှင်းပြီးသားဖြစ် သွားမယ် လို့ သူက ပြောပါတယ်။
`အချို့လူတွေများဆို နောက်ထပ်တစ်ခါတောင်လည်ပြန်ကြည့်ပြီးတော့ စာအုပ်ဖတ်နေတဲ့လူကို ဓါတ်ပုံတောင်ရိုက်သွား သေးတယ်။´
`လူတစ်ယောက်ကို အလွန်အကျွံစိုက်ကြည့်တာ မကောင်းဘူးလို့ ထိပ်တိုက်နည်းကို မသုံးပဲ ဒီလိုနည်းနဲ့သွယ်ဝိုက်ပြီး ပြောပြချင်လို့ပါ။´ လို့ အာနီက ရှင်းပြပါတယ်။

ဒါဆိုဒီစာအုပ်အတုအပေါ် တုံ့ပြန်မှုက ဘယ်လိုမျိုးတွေရှိပါသလဲ … ။
`အများအားဖြင့်တော့ ရယ်မောသွားကြတာပဲဗျ။´
`ကျွန်တော်ရှင်းပြလိုက်တဲ့ အခါကျတော့ စာမျက်နှာသုံးရာလောက်ရေးထားတဲ့ ဂျပန်တွေ ဘာကြောင့်နိုင်ငံခြားသားတွေ ကိုစိုက်ကြည့်ရတာလဲ ဆိုတဲ့စာအုပ်က ရယ်စရာကောင်းပါတယ်ပြောကြတယ်။´
အာနီအနေနဲ့ကတော့ သူ့စာအုပ်အတုမျက်နှာဖုံးကို အများအပြားထုတ်လုပ်ဖြန့်ချိဖို့စိတ်ကူး မရှိသေးဘူးလို့ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့တော့ အဲဒီလို စူးစိုက်ကြည့်ရတာခံရပြီဆိုရင် အခြားနည်းလမ်းထက် ရယ်ရယ်မောမောနဲ့ ပြီးသွား မယ့် ဒီနည်းလမ်းကို သုံးချင်တဲ့အခါ သူ့စာအုပ်ထဲမှာပါတဲ့ စာမျက်နှာတစ်ခုကို ယူသုံးရင် ခွင့်လွှတ်နိုင်မယ် ထင်တာပဲ။

မှတ်ချက်။ ။ အာနီခရစ္စဂျန်ဆန်က ဒီစာအုပ်အတုအဖုံးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး http://arnikristjansson.com/?/graphics/staringbook/ ဒီလင့်မှာ ရှင်းပြထားပါတယ် ။ အသုံးပြုနည်းလမ်းညွှန်ကတော့ ဒီစာအုပ်အဖုံးပုံကို ပရင်တာနဲ့ ထုတ်ပြီး စာအုပ်တစ်အုပ်အုပ်ရဲ့ အပြင်မှာ ထပ်ပြီးဖုံးထားလိုက်ပါ။ လူကြားသူကြားထဲ ဂျပန်တွေရဲ့ အဲဒီလိုစိုက်ကြည့်တာကို ခံရပြီဆိုရင်၊ နောက်ဆုံးသီးမခံ နိုင်တော့ အထိကိုယ့်ကိုမလုံမလဲဖြစ်လာအောင် စိုက်ကြည့်ခံရပြီဆိုရင် အဲဒီစာအုပ်ကိုဆွဲထုတ်ပြီး ဖတ်ချင်ယောင်ဆောင်နေလိုက်ပါ။ ဒါဆိုကြည့်နေတဲ့လူတွေရဲ့ အာရုံကအဲဒီစာအုပ်အဖုံးက စာတွေကို ရောက်သွားပြီး ဖတ်မိသွားရင် သူတို့ရဲ့ အခြေအနေကို သူတို့သတိထားမိသွားမယ်။ ဒါဆိုရင် ကိုယ်က ပြန်ပြီး ဘုကြည့်ကြည့်စရာ မလိုပဲ ဖြေရှင်းပြီးသားဖြစ်သွားမယ်လို့ ညွှန်းထားပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် စာရေးဆရာနာမည်ကိုလည်း စိတ်ကူးနဲ့ပေးထား တဲ့နာမည်သုံးထားပြီး စာအုပ်အဖုံးကို တီထွင်ခဲ့တယ်လို့ဆိုပါတယ်။

Source: CNNGo

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။