ပစိဖိတ် တစ်ဖက်တစ်ချက်ဒေသများဖြစ်သော အာရှနှင့် အမေရိကန်ပြည်ထောင်စု အနောက်ဖက်များတွင် မီးကွင်းသဏ္ဍာန်နေကြတ်ခြင်းဖြစ်ပေါ်ခဲ့သဖြင့် လူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြရလေသည်။
အဆိုပါနေကြတ်ခြင်းကို တရုတ်နိုင်ငံအချို့ဒေသများတွင် တနင်္လာနေ့က တွေ့မြင်ခဲ့ကြရပြီး တိုင်ဝမ်၊ ဂျပန် တို့ကိုဖြတ်လျက်အနောက်ဘက်သို့ ရွေ့လျားသွားခဲ့သည်။ ဆက်လက်၍ ပစိဖိတ်ဒေသတစ်လျှောက် ၁၃၆၀၀ ကီလိုမီတာ ဧကတစ်ခုလုံးကို လွှမ်းခြုံပြီး တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက် တွင် အဆုံးသတ်သွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် အော်ရီဂွန်၊ နီးဗါးဒါး၊ ယူတား၊ အရီဇိုးနားနှင့် နယူးမက္ကဆီကို ပြည်နယ်များ အတိုင်း ကန့်လန့်ဖြတ်ရွေ့လျားသွားခဲ့ပြီးနောက် တက္ကဆက်တွင် နေဝင်သွားခဲ့လေသည်။
မီးကွင်းသဏ္ဍာန် အပီပြင်ဆုံးအဖြစ် နေကြတ်ချိန်တွင် ကြည့်ရှုနေကြထောင်ပေါင်းများစွာတို့ကို တအံ့တသြ ဖြစ်စေခဲ့ပြီး လက်ခုပ်သံများ၊ အားရဟစ်ကြွေးသံများဖြင့် ဆူညံသွားလေသည်။
`အံ့ဖွယ်ပါပဲဗျာ။ အင်မတန်မြင်ရခဲတဲ့ မြင်ကွင်းပါပဲ။`
နှစ်စဉ်နီးပါး အခြားပုံစံများဖြင့် နေကြတ်ခြင်းများဖြစ်ပွားလေ့ရှိသော်လည်း မီးကွင်းသဏ္ဍာန်နေကြတ်ခြင်းမှာ ဖြစ်ခဲလှပြီး ၁၉၉၄ ခုနှစ်က တစ်ကြိမ်အမေရိကန်ပြည်ထောင်စုတွင်နောက်ဆုံးမြင်ခဲ့ရသည်။
ယခုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ကြိမ်ဖြစ်ရန် ၂၀၂၃ အထိစောင့်ရမည်ဖြစ်သည်။
ကမ္ဘာ၊ နေနှင့် လတို့ ပတ်လမ်းကြောင်းများအတွင်း လည်ပတ်နေရာတွင် မီးကွင်းသဏ္ဍာန်ဖြစ်ပေါ်ရန် အချက်အလက်များနှင့် တိုက်ဆိုင်မှသာ ဖြစ်ပေါ်နိုင်ကြောင်း နာဆာအာကာသသိပ္ပံပညာရှင် ဂျဖာရီနယူးမာ့ က ပြောသည်။
မီးကွင်းသဏ္ဍန်ဖြစ်ပေါ်ရန် လသည် ကမ္ဘာနှင့် အဝေးဆုံးနေရာမှတ်တစ်ခုသို့ရောက်ရှိနေပြီး နေနှင့် ပိုမိုနီး ကပ်နေရမည်ဖြစ်သည်။ ထို့နောက် ပတ်လမ်းကြောင်းများတစ်တန်းတည်းကျရောက်ချိန်တွင် နေဝန်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပိတ်ဆို့လိုက်လေသည်။
ယခုနေကြတ်ခြင်းမှာ မှောင်အတိမိုက်သွားခြင်းမရှိခဲ့ပေ။ ညအိပ်မီးမှိန်မှိန်ထွန်းထားသကဲ့သို့ နေ့အလင်း ရောင် ဖျော့တော့သွားခဲ့ပြီး လပြန်လည်ထွက်ခွာသွားသောအခါပြန်လည်ထွန်းလင်းလာခဲ့သည်။
Source: Al Jazeera
Showing posts with label ပစိဖိတ်. Show all posts
Showing posts with label ပစိဖိတ်. Show all posts
Monday, May 21, 2012
Wednesday, May 25, 2011
အိုက်စလန်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
အိုက်စလန်မီးတောင်မှ ပြာများထူထပ်သိပ်သည်းစွာမှုတ်ထုတ်နေသဖြင့် စကင်နေးဗီးယန်းအချို့နေရာများ၊ စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့တွင် ခရီးသည်တင်လေယာဉ် ခရီးစဉ် ၅၀၀ ခန့်ဖျက်သိမ်းရမည်ဖြစ်ကြောင်းဥရောပလေကြောင်း ထိန်းသိမ်းရေးဌာနကပြောသည်။
လောလောဆယ် ခရီးစဉ် ၂၀၀ မှ ၂၅၀ ကြားဖျက်သိမ်းပြီးဖြစ်ကြောင်း ဥရောပထိန်းသိမ်းရေး မှ ကွန်ယက်လည်ပတ်ရေးခေါင်းဆောင် ဘရိုင်ယန်ဖလင်းက အင်္ဂါနေ့ကပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရဲ့မိုးလေဝသဌာနကနေ အချက်အလက်တွေကိုရတာပါ။ စကော့တလန်ပေါ်မှာ ပြာတွေထူထပ်စွာဖုံးလွှမ်း နေပါတယ်။” ပြောရေးဆိုခွင့်ရှိသူ ဘာရီဂရွန်းမက်က ဆိုသည်။
ဗြိတိသျှလေကြောင်းဌာနက လန်ဒန်-စကော့တလန် ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်သည်။ ဒတ်ခ်ျလေကြောင်း KLM နှင့် Easyjet တို့က စကော့တလန်အသွားအပြန်ခရီးစဉ်များနှင့် အင်္ဂလန်မြောက်ပိုင်းခရီးစဉ်များအားလုံးဖျက်သိမ်းခဲ့သည်။
စကော့တလန် ဒေသတွင်း လိုဂနားလေကြောင်းက အင်္ဂနေ့မနက် ခရီးစဉ် ၃၈ ခုဖျက်သိမ်းခဲ့သည်။ ဘာမင်ဂန်နှင့် ဘဲလ်ဖက်စ်သို့ ပျံသန်းမည့် ခရီးစဉ်အချို့လည်းဖျက်သိမ်းခဲ့သည်။ စကော့တလန်ကျွန်းများသို့ ပျံသန်းမည့်ခရီးစဉ်များမှာမူ ထိခိုက်မှုမရှိကြောင်း ဆိုသည်။ အခြား ဗြိတိန်ဒေသတွင်း လေကြောင်းလိုင်းနှစ်ခုဖြစ်သော ဖလိုက်ဘ်နှင့် အရှေ့တိုင်းလေကြောင်းလိုင်းများကလည်း အင်္ဂါနေ့ ခရီးစဉ်များဖျက်သိမ်းခဲ့သည်။

Sunday, May 22, 2011
အိုက်စလန် မီးတောင်ပေါက်ကွဲမှု
![]() |
| ဂရင်စဗိုတန် မီးတောင်ပေါက်ကွဲနေပုံ |
အိုက်စလန်အရှေ့တောင်ဘက်လူသူမရှိတဲ့ ဗက်နာဂျော့ကူးလ်ရေခဲလွှာအောက်က ဂရင်စဗိုတန်မီးတောင်ဟာ စနေနေ့က စတင် ပြီးတော့ ပေါက်ကွဲရာမှာ ငလျင်ငယ်လေးတွေလည်း လှုပ်ခတ်ခဲ့ပါတယ်။ လေထုထဲကို အဖြူရောင်မီးခိုးတွေ ၁၅ ကီလိုမီတာ လောက်မှုတ်ထုတ်နေပါတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဌာနကပြောကြားပါတယ်။
“ဒီပေါက်ကွဲမှုက ကြီးနိုင်ပါတယ်။ ဒါပေမယ့် မနှစ်က အိုင်းယက်ရယ်လာဂျိုကူးလ်မီးတောင်ပေါက်ကွဲသလောက်တော့ မီမှာမဟုတ်ပါဘူး” မိုဇလမှ ဘူမိပညာရှင် ဟျိုလီဖာဆဗိန်းဗြွန်ဆန်က ရိုက်တာသတင်းသို့ပြောပါတယ်။
လွန်ခဲ့သောနှစ် ၂၀၁၀၊ ဧပြီလက အိုင်းယက်ရယ်လာဂျိုကူးလ်မီးတောင်ပေါက်ကွဲစဉ်က မီးတောင်ပြာများ ကောင်းကင် ပေါ်သို့မှုတ်ထုတ်ခဲ့တာကြာင့် ကမ္ဘာတစ်ခွင်ခရီးသွား ၁၀ သန်းခန့်ခရီးသွားလာမှုများ ၅ ရက်ရပ်ဆိုင်းခဲ့ရပြီး ဥရောပနိုင်ငံ လေကြောင်း လိုင်းများလည်း မြေပြင်မှာရပ်နားထားခဲ့ရပါတယ်။
ဂရင်စဗိုတန်မီးတောင်မှာ ၂၀၀၄ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲချိန် တစ်ရက်မှ ရက်သတ္တပတ် ပေါင်းများစွာကြာမြင့်တတ်ပါတယ်။။ ယခုပေါက်ကွဲမှုမှာ ကြီးမားနိုင်ချေမရှိကြောင်း၊ လေကြောင်းသွားလာမှုကိုထိခိုက်နိုင်မှု မရှိကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။
ဒါပေမယ့် ရာသီဥတုအခြေအနေကတော့ဘယ်လိုရှိမယ်ဆိုတာ မီးတောင်ပေါက်ကွဲမှုဘယ်လောက်ကြာမလဲ၊ မီးတောင် ပြာများ ကောင်းကင်ပေါ်မြင့်တက်မှုဘယ်လောက်ရှိမလဲ၊ လေက ဘယ်ဘက်ကို တိုက်ခတ်မလဲဆိုတာတွေအပေါ်မူတည်ပါတယ်။
အိုက်စလန်က လေကြောင်းပစ္စည်းဖြည့်ဆည်းရေးနှင့် လေကြောင်းပြကုမ္ပဏီတစ်ခုဖြစ်တဲ့ အိုက်ဆာဗီးယားကတော့ မီးတောင်ပေါက်ကွဲရာမှ ၂၂ဝ ကီလိုမီတာအတွင်း မပျံသန်းရဇုံအဖြစ်ကြေငြာခဲ့ပါတယ်။
“မီးတောင်ပြာတွေဟာ ဂျက်လေယာဉ်ပျံသန်းတဲ့ အမြင့်အထိရောက်ရှိနေပါပြီ။ အိုက်စလန်လေကြောင်းထိန်းသိမ်းရေး ပိုင်နက်ထဲဖြတ်သန်းပျံမယ့်လေယာဉ်တွေအတွက် ဒီညတောင်ဘက်ကိုဦးတည်ပျံသန်းဖို့ အစီအစဉ်တွေချပြီးပါပြီ။” မီးတောင် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးပျံသန်းရေးအစီအစဉ်တွေကို အိုက်ဆာဗီယာကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က ပြောပြပါတယ်။
အိုက်စလန်တက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အိုက်စလန်ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ မီးတောင်ပေါက်ကွဲရာကိုသွားရောက်ပြီးတော့ လေ့လာစုံစမ်းကြပါလိမ့်မယ်။
Source: Al Jazeera

1:13 PM
HRDP NEWS WORLD