အိုက်စလန်မီးတောင်မှ ပြာများထူထပ်သိပ်သည်းစွာမှုတ်ထုတ်နေသဖြင့် စကင်နေးဗီးယန်းအချို့နေရာများ၊ စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့တွင် ခရီးသည်တင်လေယာဉ် ခရီးစဉ် ၅၀၀ ခန့်ဖျက်သိမ်းရမည်ဖြစ်ကြောင်းဥရောပလေကြောင်း ထိန်းသိမ်းရေးဌာနကပြောသည်။
လောလောဆယ် ခရီးစဉ် ၂၀၀ မှ ၂၅၀ ကြားဖျက်သိမ်းပြီးဖြစ်ကြောင်း ဥရောပထိန်းသိမ်းရေး မှ ကွန်ယက်လည်ပတ်ရေးခေါင်းဆောင် ဘရိုင်ယန်ဖလင်းက အင်္ဂါနေ့ကပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရဲ့မိုးလေဝသဌာနကနေ အချက်အလက်တွေကိုရတာပါ။ စကော့တလန်ပေါ်မှာ ပြာတွေထူထပ်စွာဖုံးလွှမ်း နေပါတယ်။” ပြောရေးဆိုခွင့်ရှိသူ ဘာရီဂရွန်းမက်က ဆိုသည်။
ဗြိတိသျှလေကြောင်းဌာနက လန်ဒန်-စကော့တလန် ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်သည်။ ဒတ်ခ်ျလေကြောင်း KLM နှင့် Easyjet တို့က စကော့တလန်အသွားအပြန်ခရီးစဉ်များနှင့် အင်္ဂလန်မြောက်ပိုင်းခရီးစဉ်များအားလုံးဖျက်သိမ်းခဲ့သည်။
စကော့တလန် ဒေသတွင်း လိုဂနားလေကြောင်းက အင်္ဂနေ့မနက် ခရီးစဉ် ၃၈ ခုဖျက်သိမ်းခဲ့သည်။ ဘာမင်ဂန်နှင့် ဘဲလ်ဖက်စ်သို့ ပျံသန်းမည့် ခရီးစဉ်အချို့လည်းဖျက်သိမ်းခဲ့သည်။ စကော့တလန်ကျွန်းများသို့ ပျံသန်းမည့်ခရီးစဉ်များမှာမူ ထိခိုက်မှုမရှိကြောင်း ဆိုသည်။ အခြား ဗြိတိန်ဒေသတွင်း လေကြောင်းလိုင်းနှစ်ခုဖြစ်သော ဖလိုက်ဘ်နှင့် အရှေ့တိုင်းလေကြောင်းလိုင်းများကလည်း အင်္ဂါနေ့ ခရီးစဉ်များဖျက်သိမ်းခဲ့သည်။
Source: Al Jazeera





















10:19 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment