Friday, June 8, 2012

ဆီးရီးယားငြိမ်းချမ်းရေး မအောင်မြင်ကြောင်း ကိုဖီအာနန် ဝန်ခံ

ဆီးရီးယားငြိမ်းချမ်းရေးအတွက် လိုက်နာဆောင်ရွက်ရန် ချမှတ်ထားသော စီမံကိန်းများ မအောင်မြင်ဘဲ နိုင်ငံအဝှမ်း ပြည်တွင်းစစ်၊ အတိုက်အခံအကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရက်ရက် စက်စက်ဖိနှိပ်ချုပ်ခြယ်ညှဉ်းပမ်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့ ပူးတွဲ ခန့်အပ်ထားသေ ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်ကဝန်ခံ ပြောကြားလိုက်သည်။ အင်္ဂါနေ့က ပြုလုပ်သော ကုလအထွေထွေညီလာခံကြီးတွင် ကိုဖီအာနန်က အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်ပြီး ဟူလာနှင့် အယ်-ခူဘေယာမြို့များတွင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုများဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ ယင်းသို့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအ တွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော အတိုက်အခံများအား အပြစ်တင်ခြင်းမပြုဘဲ အစိုးရတွင် သာ ဦးစွာပထမတာဝန်ရှိကြောင်း ပြောသည်။ `ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးမူဝါဒကို ဆီးရီးယားမှာ တစ်စုံတစ်ရာ လိုက်နာခြင်းမရှိပါဘူး။` ဟု ဆိုသည်။ `နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်းရှိနေပါတယ်။ ဒါပေမယ့် အခုဆိုရင် အဲဒီညီညွတ်မှုကို နောက်တစ်ဆင့်တက်ရပါမယ်။ ငြိမ်းချမ်းရေးအစီအစီတွေကို လိုက်နာခြင်းမရှိဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရမယ်ဆိုတာ အသေအချာပြသဖို့လိုပါတယ်။` ဟု ကိုဖီအာနန်ကပြောကြားခဲ့သည်။ အယ်-ခူဘေယာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြီးနောက် ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့များ မြို့တွင်းသို့ဝင်ရောက်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်း ကုလအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားခဲ့သည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့မျာအား မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ဆီးရီးယားစစ်တပ်မှ တားမြစ်ခြင်း၊ ဝင်ရောက်ခွင့်မပြုဘဲ နောက်ပြန်လှည့်ခိုင်းခြင်းများရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် နော်ဝေလူမျိုး ဗိုလ်ချုပ် ရောဘတ်မုဒ်က ပြောသည်။ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘက်ရှာဂျာဖရီက ဆီးရီးယားအစိုးရအနေနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်သံ ဌာနများသည် မဟုတ်မမှန်သော သတင်းများ၊ ရုပ်ပုံဗွီဒီယိုများ ထုတ်လွှင့်နေကြောင်း ပြောသည်။ အစုလိုက် အပြုံလိုက်လူသတ်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးဖေါက်ခွဲမှုများကို လက်နက်ကို ခွဲထွက် ရေးသမားများက လုပ်ဆောင်နေကြောင်း၊ နိုင်ငံခြားတိုင်းပြညအချို့သည် ဆာလာဖစ်ခွဲထွက်ရေးသမားများ နှင့် အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့မှုများပေးနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။ `လူသတ်အဖျက်လုပ်ရပ်တွေ လုပ်ဆောင်ခြင်းမရှိတဲ့ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနဲ့ မဆို ဆီးရီးယားအစိုးရအနေနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုလားပါတယ်။` ဟု ဂျာဖရီက ဆိုသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများဖြစ်ပွားနေသော နေရာများသို့ ကုလလေ့လာရေးအဖွဲ့များဝင်ရောက် လျှင် အန္တရာယ်ရှိနိုင်သဖြင့် အချို့အဖွဲ့များအား အရပ်သားများကိုယ်တိုင်က ဝင်ရောက်လေ့လာခွင့်မပြုဘဲ တားဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။