Sunday, June 10, 2012

ရေဒီယိုသတ္တိကြွ တိုင်းတာနိုင်မည့်ဖုန်း ဂျပန်ထုတ်လုပ်မည်

ဂျပန်နိုင်ငံထုတ်လက်ကိုင်ဖုန်းများသည် ခေတ်မီဆန်းသစ်မှုဖြင့် ကြော်ကြားလေသည်။ အတားအဆီးများ ကြားခံနေသော်လည်း ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ရုပ်မြင်သံကြားကြည့်ရှုနိုင်ခြင်း၊ ခန္ဓာကိုယ် အဆီပမာဏ တိုင်းတာနိုင်ခြင်း၊ လေထုမည်မျှညစ်ညမ်းမှုဖြစ်နေကြောင်း ပြသပေးနိုင်ခြင်း စသည့် ကိရိယာများပါဝင်လေ သည်။ ယခုအခါ လက်ကိုင်ဖုန်း အဓိကထုတ်လုပ်ရောင်းချသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Softbank မှ ရေဒီယို သတ္တိကြွမှုတိုင်းတာသည့် ကိရိယာပါဝင်သော လက်ကိုင်ဖုန်းများ ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။ ဖုန်းတွင် ပါဝင်သည့် သက်ဆိုင်ရာခလုတ်ကို နှိပ်လိုက်ရုံမျှဖြင့် မိမိရှိနေသော လေထုအတွင်း ရေဒီယိုသတ္တကြွမှု မည်မျှဖြစ်ပေါ်နေသည်ကို ဖေါ်ပြမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်အတွင်းက ဆူနာမီနှင့် ငလျင်တို့ကြောင့် ဖူကူရှီးမားနျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ် အားပေးစက်ရုံ ရေဒီယိုသတ္တိကြွယိုစိမ့်မှုပြီးနောက်ပိုင်း စိုးရိမ်ရသည့် အခြေအနေများကြောင့် ၎င်းဖုန်းများ အရောင်းသွက်မည့် အလားအလာရှိသည်။ ဂျပန်အစိုးရနှင့် စက်ရုံပိုင်ရှင် TEPCO ကုမ္ပဏီများက အန္တရာယ်မရှိတော့ကြောင့် အာမခံချက်ပေးထားသော် လည်း ဂျပန်ပြည်သူအများစုက မယုံကြည်ကြသေးပေ။ ထို့ကြောင့် ဂီဂါကောင်တာခေါ် ရေဒီယိုသတ္တိကြွ တိုင်းတာသည့် ကိရိယာများ အရောင်းသွက်ခဲ့ပြီး အချို့ဒေသများတွင် ယင်းကိရိယာကို တစ်ဦးတည်းဈေး ကြီးပေးမဝယ်ယူနိုင်သဖြင့် စုပေါင်းဝယ်ယူကာ မိမိတို့စားသောက်မည့် အစားအသောက်များတွင် ရေဒီယို သတ္တိကြွမှုရှိ၊ မရှိ တိုင်းတာရန် အသုံးပြုနေကြရသည်။ လက်ကိုင်ဖုန်းကုမ္ပဏီက အဆိုပါကိရိယာပါဝင်သည့် ဖုန်း၏ ဈေးနှုန်းကို ဈေးကွက်တွင်းဖြန့်ချိမည့်ဈေးနှုန်း ကို မကြေငြာသေးပေ။ လာမည့် နွေရာသီတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း၊ အများဝယ်ယူသုံးစွဲနိုင်မည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ Source: BBC

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။