 |
ဟူစိန်တန်တာဝီ၊ မော်စီ နှင့် အာနန် (ဝဲမှယာ) |
အီဂျစ်ကာကွယ်ရေးဝန်ကြီးစစ်ဦးစီးချုပ် ဟူစိန်တန်တာဝီအပါအဝင် အခြားစစ်ဘက်ဆိုင်ရာထိပ်တန်း ခေါင်းဆောင်များကို သမ္မတမိုဟာမက်မော်စီ၏ အမိန့်ဖြင့်အနားပေးလိုက်ပြီဖြစ်သည်။ ထို့နောက် စစ်တပ်မှ ပြင်ဆင်ပြဋ္ဌာန်းထားသော သမ္မတ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထားသည့် ဥပဒေများကို ဖျက်သိမ်းလိုက်သည်။
စစ်ဦးစီးချုပ် တန်တာဝီကို စစ်တပ်မှ အနားပေးလိုက်ပြီး သမ္မတအကြံပေးအဖြစ်ခန့်အပ်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တရားဝင်ကြေငြာခဲ့လေသည်။ တန်တာဝီ၏ နေရာတွင် အဘ္ဘဒယ်-ဖာတာ-အယ်ဆက်စီကို စစ်ဦးစီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးအဖြစ်ရာထူးပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေငြာခဲ့သည်။
ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဆာမီအာနန်ကိုလည်း စစ်တပ်မှအနားပေးပြီး သမ္မတအကြံပေး အဖြစ် မော်စီက ခန့်အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဆစ်ကီအာမက်ကို အာနန်၏ နေရာတွင် အစားထိုး ခန့်အပ်မည်ဖြစ်သည်။ တရားသူကြီးချုပ် မိုဟာမက်မက်ကီကိုလည်း ဒုတိယသမ္မတအဖြစ်ခန့်အပ်ခဲ့ပြီး ရာထူးအပြောင်းအလဲများအားလုံး ချက်ခြင်း အသက်ဝင်ပြီးဖြစ်သည်။
အယ်ဂျာဇီယာသတင်းထောက် ရော်ရာရာဂီက ကိုင်ရိုမြို့မှ သတင်းပေးပို့ခဲ့သည်။
`နယ်စပ်ဒေသမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၁၆ ယောက်သေဆုံးခဲ့ရတဲ့ ဇွန် ၅ ရက် တိုက်ခိုက်မှုနောက်ပိုင်း အာဏာပိုင်တွေဖြစ်တဲ့ စစ်ဘက်ရော၊ အရပ်ဘက်ရော အသံတိတ်နေခဲ့ကြပါတယ်။`
`ဒီကိစ္စကို လူထုသိအောင်ထုတ်ပြန်ရာမှာ နောက်ကျခဲ့ပြီး လူထုကျေနပ်လောက်အောင်လည်း ရှင်းလင်းချက်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကိစ္စနောက်ပိုင်း စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်တွေ အရာကျသွား လိမ့်မယ်လို့လည်း ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး။
တန်တာဝီနဲ့ အာနန်တို့ဆိုတာ ကြားဖြတ်အစိုးရကာလအတွင်းမှာ အီဂျစ်တပ်မတော် ထိပ်သီးကောင်စီမှာ တန်ခိုးအာဏာအရှိဆုံးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပစဉ်ကာလရော၊ နောက်ပိုင်းအထိပါ နိုင်ငံအတွင်းမှာ အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်ယောက်အပြင် လေတပ်နှင့် ရေတပ် ဦးစီးချုပ်တွေကိုပါ မော်စီက အနားပေးလိုက်ပါ တယ်။`
ယခုကဲ့သို့ ရာထူးအပြောင်းအလဲများပြုလုပ်ခဲ့ခြင်းသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စီသမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီးနောက်ပိုင်း စစ်တပ်နှင့် အရပ်ဘက်အစိုးရကြား အာဏာလွန်ဆွဲပွဲနောက်ဆုံး ဖြစ်ရပ် တစ်ခုဖြစ်လေသည်။
Source: Al Jazeera
Posted in: အာဖရိက
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment