Monday, August 6, 2012

အင်္ဂါဂြိုလ်ပေါ်သို့ နာဆာစူးစမ်းရေးယာဉ် ဆင်းသက်တော့မည်

အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်တုန်းက သက်ရှိများရှင်သန်နေထိုင်ခဲ့ဖူးသည်ဟူသော အယူအဆကို မှန်၊ မမှန် ရှာဖွေဖေါ်ထုတ်ရန်နှင့် အင်္ဂါဂြိုလ်နှင့် ပတ်သက်၍ လူသားများအမျိုးမျိုးအဖုံဖုံစဉ်းစားနေသော ပဟေဋ္ဌိများ ကို ဖြေရှင်းနိုင်ရန် အမေရိကန်အာသာသသိပ္ပံဌာန နာဆာမှ စေလွှတ်လိုက်သော လူမဲ့ အာကာသစူးစမ်း ရေးယာဉ် ကျူရီယိုစီးတီး အင်္ဂါဂြိုလ်၏ မျက်နှာပြင်သို့ဆင်းသက်ရန် နာရီပိုင်းမျှသာ လိုတော့သည်ဖြစ်ရာ လူအများစိတ်လှုပ်ရှားလျှက်ရှိနေကြသည်။ ဒေါ်လာ ၂.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ပြီး စေလွှတ်လိုက်သော စူးစမ်းရေးယာဉ်သည် မော်တော်ကားတစ်စင်း အရွယ်မျှရှိပြီး အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်သို့ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၅း၃၁ နာရီ (အမေရိကန်အနောက်ဘက်ကမ်းခြေဒေသစံတော်ချိန် ၁၀း၃၁ ) တွင် ဆိုက်ရောက်မည်ဖြစ် သည်။ ဘီးခြောက်ဘီးတပ် စူးစမ်းရေးယာဉ်ကို ပထမဦးဆုံးအနေနှင့် ဒုံးပျံပဲ့ထိန်းတွန်းကန်စံနစ်ကိုသုံးကာ ယာဉ်ကို မြေပြင်ပေါ်သို့ချပေးမည်ဖြစ်ပြီး ပထမအကြိမ် နာဆာမှ လွှတ်တင်စဉ်က လေအိပ်များကို အသုံးပြုခဲ့သည်။ `ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ အင်္ဂါဂြိုလ်လေထုတွင်း ချဉ်းနင်းဝင်ရောက်မှု၊ ဆင်းသက်မှု၊ မြေပြင်ကို ဆိုက်ကပ်မှု ဖြစ်စဉ် အဆင့်ဆင့်လှုပ်ဆောင်ရမှာတွေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။` တယ်ဟု ယင်းအဆင့်များကို တာဝန်ယူဆောင်ရွက်သော အဖွဲ့ခေါင်းဆောင် နာဆာအင်ဂျင်နီယာ အဒမ်တယ်လ်ဇနာက ပြောသည်။ ယင်းသို့ ဆင်းသက်ခြင်းနောက်ဆုံးအဆင့်တွင် အာကာသယာဉ်သည် ဂြိုလ်၏ဆွဲငင်အားကြောင့် လေထုတွင်း ပွတ်တိုက်မီးလောင်နိုင်သော အရှိန်ဖြစ်သည့် တစ်နာရီ၂၁ ၂၄၀ ကီလိုမီတာ နှုန်းဖြင့် ဆင်းသက်မည်ဖြစ်ပြီး အထူးပြုလုပ်ထားသော လေထီးဖြင့် နောက်ပိုင်းတွင် အရှိန်လျှော့ချပေး သွားမည်ဖြစ်သည်။ ထို့နောက် မြေပြင်သို့ရောက်ခါနီးတွင် ဒုံးပျံတွန်းကန်အားသုံးလက်တံများထွက်လာပြီး မြေပြင်သို့တွန်းကန်ပေးထားစဉ်တွင် စူးစမ်းရေးယာဉ်ကို သားရေနိုင်လွန်ကြိုးဖြင့် မြေကြီးပေါ်သို့ ဘီးခြောက်ဘီးပေါ် တွင် တည့်တည့်မတ်မတ်ကျရောက်သွားစေရန် ထိန်းမတ်ချပေးလိုက်မည်ဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။