Tuesday, May 24, 2011

ဂျပန်တွေ ကလေးမွေးရမှာကြောက်

ဂျပန်ကလေးထိန်းကျောင်းတစ်ခု
အစိုးရမှ ပြုလုပ်သောစစ်တမ်းတစ်ခု၌ ဂျပန်တွင်ကလေးသူငယ်ပြုစုပျိုးထောင်ရသည်မှာ လွယ်ကူကြောင်း ၅၂.၆% ကသာ တုံ့ပြန် ကြသည်။

၂၀၀၅ ခုနှစ်စစ်တမ်းထက် ၅ ရာခိုင်နှုန်းပိုလာကာ အမေရိကန်နှင့် ဥရောပနိုင်ငံများထက်နည်းပါးသည်။ ကလေးနည်းပါးသောတိုင်းပြည်များ၏စစ်တမ်းတမ်းကိုကြည့်ရှုရာတွင် ဆွီဒင်က ၉၇.၁%၊ အမေရိကန်က ၇၅.၅%၊ ပြင်သစ်က ၇၂%၊ တောင်ကိုရီးယားက ၁၆.၂% တွင်ရပ်တည်လျက်ရှိသည်။
ဂျပန်ရှိမိသားစုများ ကလေးပြုစုပျိုးထောင်ရေးအတွက် ဝန်ကြီးများရုံးက အထောက်အပံ့များတိုးမြှင့်ပေးလျက်ရှိသည်။
လွန်ခဲ့သောနှစ်အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့သော စစ်တမ်းတွင် နိုင်ငံငါးနိုင်မှ အသက် ၂၀ မှ ၄၉ နှစ်အတွင်း ယောင်္ကျား၊ မိန်းမများပါဝင်သည်။
ကလေးအများလိုချင်သည်ဟုဖြေသော ဂျပန်လူမျိုး ၄၈% ရာခိုင်နှုန်းသာရှိပြီး ဆွီဒင်က ၈၆%နှင့် အမေရိကန်က ၇၉.၅%ရှိသည်။
ကလေးအများမလိုချင်ပါဟုဖြေသော ဂျပန်လူမျိုးများကိုအဘယ်ကြောင့်မလိုချင်ပါသနည်းဟုမေးမြန်းသောအခါ ၄၄.၆%က စီးပွားရေးကြောင့်ဖြေဆိုပြီး ၅၀.၅ % ကလက်ထပ်လိုသူများအတွက် ပိုမိုတည်ငြိမ်သော အလုပ်အကိုင်ဘဝကိုရရှိလိုသည် ဟု ဖြေကြားသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။