အဆိုတော်ယူချီဒါ |
မတ်လအတွင်းက ယူချီဒါနှင့်ပြတ်စဲရန် သူ၏ ရည်းစားက စဉ်းစားနေခဲ့ပြီး ယူချီဒါက ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်း များပြုလုပ်ခဲ့ကြောင်း အမျိုးသမီးက တိုက်ချက်ဖွင့်သည်။
အမျိုးသမီးသည် ယာကူဇာတစ်ယောက်နှင့် ချိန်းတွေ့နေကြောင်း သူမ၏ကုမ္ပဏီသို့ ပြောပြလိုက်ပြီဟု အမျိုးသမီးကို ဧပြီ ၂ ရက် နေ့ကယူချီဒါက စာရေး ပေးခဲ့ကြောင်းရဲကပြောသည်။
သူမကလည်း ယူချီဒါသူမအိမ်တွင်းသို့ဝင်ရောက်ခြင်းမပြုနိုင်ရန် အိမ်ရှေ့သော့ကိုပြောင်းလိုက်သည် ဟုရဲကိုပြောသည်။
သို့သော် ယူချီဒါက သော့တူပြုလုပ်ကာ ဧပြီ ၉ ရက်နေ့က သူမအိမ်တွင်းသို့ အကြောင်းမကြားဘဲ ဝင်ရောက်ခဲ့သည်။
အမျိုးသမီးက မေလအတွင်း ရဲကိုဆက်သွယ်ခဲ့ပြီး နာမည်ကိုမူထိန်ချန်ထားခဲ့သည်။ သူမသည် ယူချီဒါနှင့်ပြတ်စဲလိုပြီး ယူချီဒါက သူမကို ပြတ်စဲရန်ခွင့်မပြုကြောင်းပြောသည်။ သူတို့နှစ်ဦးသည် ၂၀၀၉ ဒီဇင်ဘာတွင် စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
0 comments:
Post a Comment