Thursday, May 26, 2011

ဘော့စနီးယားစစ်ရာဇဝတ်ကောင် မလာဒစ်ကို ဖမ်းဆီးရမိ

ဘော့စနီးယားဆာ့ဘ်ဗိုလ်ချုပ် ရက်ကို မလာဒစ်ကို ၁၉၉၂ မှ ၉၅ အတွင်း ဖြစ်ပွားခဲ့သောပဋိပက္ခများအတွင်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ဖမ်းဆီးလိုက်ကြောင်း ဆားဘီးယားကကြေငြာခဲ့သည်။

“ရက်တိုမလာဒစ်ကို ဖမ်းဆီးလိုက်ကြောင်း ဆားဘီးယားသမ္မတနိုင်ငံရဲ့ကိုယ်စားပြုပြီးကျွန်တော်တို့ ကြေငြာလိုက်ပါ တယ်။” ဟူ၍ နိုင်ငံတော်သမ္မတ ဘောရစ်တာဒစ်က ပြောကြားခဲ့သည်။
“ဒေသတွင်းပြန်လည်ပေါင်းစည်းရေးအတွက် နောက်ခြေတစ်လှမ်းနီးကပ်လာပြီး ခက်ခဲတဲ့သမိုင်းတစ်ဆစ်ကို ကျွန်တော် တို့ဖြတ်သန်းခဲ့ပါပြီ။ ရာဇဝတ်ဘေး ပြေးမလွတ်ပါဘူး။” သမ္မတကြီးကပြောကြားခဲ့သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရက်တိုမလာဒစ်ကို ကုလသမဂ္ဂစစ်ရာဇဝတ်ခုံရုံးရှိရာ ဟေ့ဂ်မြို့သို့လွှဲပြောင်းပေးမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။ သို့သော် မည်သည့်အချိန်လွှဲပြောင်းပေးမည်ကိုမူမပြောပေ။ ဒေသတွင်းသတင်းဌာနမှပထမပြောကြား ရာတွင် ဖမ်းဆီးလိုက်သောသူမှာ မီလိုရက်ဒ်ကိုမက်ဒစ်ဆိုသူဖြစ်ပြီး ထိုသူသည် မလာဒစ်ပင်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။

ဘဲလ်ဂရိတ် ရေဒီယိုဖြစ်သော ဘီ၉၂ ရေဒီယိုက ဆားဘီးယားမြောက်ပိုင်း ဇရန်ဂျာနင်မြို့အနီး ရွာတစ်ရွာတွင် သူ့ကို ကြာသပတေးနေ့က ဖမ်းဆီးလိုက်ကြောင်းကြေငြာခဲ့သည်။ ဘော့စနီးယား ထောက်လှမ်းရေးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘော့စနီးယားသုံးပွင့်ဆိုင်ဥက္ကဋ္ဌအဖွဲ့မှ မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘာကားအဇ္ဇဘီဂိုဗစ် ကပြောကြားခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုကို အားရဝမ်းသာကြိုဆိုကြောင်း၊ ဆားဘီးယားနှင့် နိုင်ငံတကာတရားရေးများအတွက် အရေးကြီးသောခြေလှမ်းတစ်ခုပင်ဖြစ်ကြောင်းဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒဆိုင်ရာဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်း အက်ရှတွန်က ပြောသည်။

“ယခင်ယူဂိုဆလားဗီးယား အတွက်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံ မလာဒစ်ကို အချိန်မဆွဲပဲတင်စေချင် ပါတယ်။” ဟု အက်ရှတွန်က မျှော်လင့်ထားကြောင်း မိုက်ကယ်မန်းက တွစ်တာအကောင့်တွင်ရေးသားခဲ့ သည်။ တရားဥပဒေအရ စီရင်နိုင်ရေးအတွက် နောက်ဆုံးတွင်အခွင့်အရေးရရှိခဲ့ပြီဖြစ်ကြောင်း နေတိုး အထွေထွေညွှန်ကြားရေးမှူး အင်ဒါစ်ဖို့ရက်စ်မူဆန် ကပြောသည်။

၁၉၉၂-၉၅ ပဋိပက္ခအတွင်းယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုတွင် ကျူးလွန်ခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှုများ အတွက် မလာဒစ်ကို ကုလသမဂ္ဂက အလိုရှိနေခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် မွတ်ဆလင် လူကြီး၊ ကလေး ၈,၀၀၀ ကိုသတ် ဖြတ်သုတ်သင်ခဲ့ပြီး၊ ဘော့စနီးယားမြို့တော် ဆာရာယေဘိုမြို့ကို ၄၃ လသိမ်းပိုက်ထားစဉ်က လူ ၁၀,၀၀၀ သေကြေပျက်စီးခဲ့ သည်။

ဆရီဘရီနီကာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်ရေး၏ အစိတ်အပိုင်းတစ်ခု အနေနှင့် ဘော့စနီးယား မွတ်စလင်များအတွက်အကျဉ်းစခန်းများတည်ထောင်ထားခြင်းများ အတွက် နောက်ကွယ်မှ ကြိုးကိုင်တာဝန်ရှိသူအနေဖြင့် ကုလသမဂ္ဂမှ မလာဒစ်ကို တရားခံအဖြစ် သတ်မှတ်ထားသည်။ မလာဒစ်ကိုဖမ်းဆီးလိုက်ခြင်းသည်ဥရောပသမဂ္ဂတွင် ဆားဘီးယားဝင်ရောက်နိုင်ရေး အတွက် ပဏာမအနေနှင့် လုပ်ဆောင်ပေးခြင်းသဖွယ်ရှုမြင်နိုင်သည်။
“ဥရောပသမဂ္ဂကိုဆားဘီးယားဝင်ရောက်ခွင့်ရရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ရာမှာ ဥရောပသမဂ္ဂ နိုင်ငံရေး သမားတွေက မလာဒစ်ကိုထောက်ထောက်ပြနေကြတယ်။” ဟူ၍ ဘဲလ်ဂရိတ်သတင်းထောက်တစ်ဦးဖြစ်သူ အယ်လ်ယီဆာမီလန်ကိုဗစ်က ပြောပြပါသည်။

မလာဒစ်ကို ဖမ်းဆီးရမိခြင်းသည် ဆားဘီးယားကို အိမ်နီးချင်းဖြစ်သော ဘော့စနီးယား၊ ခရိုအေးရှားတို့နှင့် ဆက်ဆံရေး ပိုမိုကောင်းသွားစေကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် တိုနီဘရစ်တလီက ပြောသည်။
“အခုကိစ္စက အဓိကကျတဲ့ ကိစ္စတစ်ခုပါ။ မလာဒစ်ကို ဖမ်းဆီးမပေးနိုင်ခင်ကဆိုရင် အင်မတန်ကြီးမားတဲ့ အတားအဆီးကြီးတစ်ခုလိုဖြစ်နေတာပါ။အခုဆိုရင်တော့ဆားဘီးယားအစိုးရအနေနဲ့ ရှေ့ဆက်ဖို့၊ ဒေသတွင်း

တဖန်ပြန်လည်ကောင်းမွန်လာ စေဖို့ ပြောဖို့အားရှိသွားပြီဖြစ်ပါတယ်။ အကျည်းတန်သမိုင်းဖြစ်ရပ်ကြီးတစ်ခု ကိုအဆုံးသတ်လိုက်နိုင်တာပါပဲ။”

ဆရီဘရီနီကာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင်သေဆုံးသွားသူများ၏ မိသားစုဝင်များက ၎င်းတို့လည်းစိတ်သက် သာရာရသွားကြောင်းပြောဆိုခဲ့ကြသည်။
“ကျွန်မတို့အတွက်အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုပါ။” သတ်ဖြတ်ခံရမှုတွင်သားနှင့်ခင်ပွန်းသည်ပါဝင်သွားသူ ဆရီဘရီနီကာအမျိုးသမီးအစည်းအရုံးခေါင်းဆောင် ဟက်ဂ်ျရာကာတစ်ကပြောသည်။

ဟေ့ဂ်မြို့မှရှေ့နေများက မလာဒစ်သည် ၎င်းကိုသူရဲကောင်းဟု လက်ခံထားသူများအကူအညီဖြင့် ဆားဘီးယားတွင် ပုန်း အောင်းနေခြင်းဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ၂၀၀၆ ခုနှစ်က သူ့ကို ဘဲလ်ဂရိတ်မြို့တွင်နောက်ဆုံးတွေ့မြင်လိုက်ရခြင်းဖြစ်သည်။
သို့သော် စစ်ရာဝတ်ကောင်မလာဒစ်ကို မည်သူများက ကူညီဝှက်ထားပေးကြောင်း အတိအကျမသိရသေးဘဲ ယင်းနှင့်ပတ်သက် ၍ နောက်ထပ်ဖမ်းဆီးမှုများရှိမည်၊ မရှိမည်မသိသေးကြောင်း မီလန်ကိုဗစ်ကပြောသည်။

မလာဒစ်၏ အတိုင်ပင်ခံ၊ စစ်အတွင်းကနိုင်ငံရေးခေါင်းဆောင်ဖြစ်သူ ရာဒိုဗန်ကရာဒစ်ကို ၂၀၀၈ ဂျူလိုင်လက ဖမ်းဆီးရမိ ခဲ့ပြီး ယခုအခါနယ်သာလန်နိုင်ငံ ဟေ့မြို့ရှိ ယခင်ယူဂိုဆလားဗီးယားအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဌာနချုပ်တွင် တရားရင်ဆိုင်နေကြောင်းသိရသည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။