ကြာသပတေးနေ့က တရုတ်နိုင်ငံဖူဇောင်တွင်ပေါက်ကွဲမှုဖြစ်ပွားစဉ် |
ပေါက်ကွဲမှုများတွင် နှစ်ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရဆင်ဟွာသတင်းကပြောသည်။
ကြာသပတေးနေ့မနက်ပိုင်းက ယီအန်ဇီပြည်နယ်၊ ဖူဇောင်မြို့တွင်တပြိုင်နက်လိုလိုပေါက်ကွဲမှုများဖြစ်ပွားခဲ့သော်လည်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အသေးစိတ်ကြေငြာခြင်းမရှိပေ။
ပေါက်ကွဲမှုသုံးခုမှာ နာရီဝက်အတွင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဘေဂျင်းရောက်အယ်လ်ဂျာဇီယာသတင်းထောက် အင်ဒရူးသောမတ် က သတင်းပေးပို့ခဲ့သည်။
ဖူဇောင်မြို့ရှိရှေ့နေများရုံးအပြင်ဘက်တွင် ကားတစ်စီးပေါက်ကွဲခဲ့ပြီး ၁၀ မိနစ်အကြာတွင် ခရိုင်အစိုးရရုံးတွင် နောက်ထပ်တစ်လုံး ပေါက်ကွဲသည်။ ထို့နောက် ၁၅ မိနစ်ခန့်အကြာတွင် ယစ်မျိုးရုံးအပြင်တွင် နောက်ထပ်ကားတစ်စီးပေါက်ကွဲခဲ့ကြောင်း ယီအန်ဇီ ပြည်နယ် ပြန်ကြားရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သံသယဖြစ်ဖွယ်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိသေးကြောင်း ဖူဇောင်မြို့တာဝန်ရှိသူများက ပြောကြောင်း သောမတ်မှ သတင်းပေးပို့သည်။
ရှေ့နေရုံးပေါက်ကွဲမှုတွင် ပြူတင်းပေါက်များပွင့်ထွက်သွားပြီး ကားတစ်စီးပျက်စီးသွားကြောင်း ဆင်ဟွာသတင်းကပြောသည်။ ဖူဇောင်ရှိ လင်ချွမ်ခရိုင်ရုံးပေါက်ကွဲမှုတွင် အနည်းဆုံးကား ၁၀ စီးခန့် ပျက်စီးသွားကြောင်းဆိုသည်။
မကျေမနပ်ဖြစ်နေသော မြို့ခံလူထုမှ ဖေါက်ခွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ Zhan Weizhang ကပြောသည်။
“အစိုးရကို မကျေမနပ်ဖြစ်နေတဲ့လူတွေအတော်များတယ်။ မကျေနပ်ချက်တွေကိုလည်း ဂရုမစိုက်ဘူး။ ကျွန်တော် မကျေနပ်လို့တိုင်ထားတာကိုလည်း ဂရုမစိုက်ဘူး။” Zhang ကပြောသည်။ သစ်တောအခွင့်အရေးနှင့်ပတ်သက်၍ သူက တိုင်တန်းထားကြောင်းလည်းရှင်းပြသည်။
“သာမန်ရိုးရိုးလူကတော့ ဒါမျိုးတွေ လုပ်တတ်မှာမဟုတ်ဘူး။ ဒါသွေးရိုးသားရိုးမဟုတ်ဘူး။”
လွန်ခဲ့သောလက ပိုက်ဆံခိုးမှုဖြင့် ဘဏ်မှအလုပ်ဖြုတ်ခံရသော ငွေသိမ်းကောင်တာ ဝန်ထမ်းတစ်ဦးကို အလုပ်ဖြုတ်ခဲ့ရာ ၎င်းက မကျေနပ်သဖြင့် အဆိုပါဘဏ်အတွင်းသို့မီးလောင်ဗုံး ပစ်သွင်းခဲ့ရာ လူပေါင်း များစွာဒဏ်ရာရရှိခဲ့သည်။
ယင်းမြို့တွင် လူဦးရေလေးသန်းရှိပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်မြို့ကြီးများတွင် စီးပွားရေးတိုးတက်ခဲ့ရာ ဖူဇောင်လည်းပါဝင်သည်။
Source: Al Jazeera
0 comments:
Post a Comment