ဆီးရီးယားဆန္ဒပြပွဲများတွင် ရဲများလက်ချက်ဖြင့်သေဆုံးသွားသူများအတွက် အောက်မေ့ပူဆွေးအခမ်းအနားပြုလုပ်သူများကို ရဲကထပ်မံ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းရာ ၁၁ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးတက် ကြွလှုပ်ရှားသူများကပြောသည်။
သောကြာနေ့က ဟုမ်းမြို့ဆန္ဒပြပွဲတွင်သေဆုံးသွားသူများဈာပနအခမ်းအနားသို့ လူ ၄၀၀၀၀ ကျော်တက်ရောက်ပြီး မြို့စွန် တယ်လ်အယ်နက်ဆာမှမြို့တွင်းသို့ပြန်လည်လမ်းလျှောက်ချီတက်လာရာတွင် ရဲများက ကြိုတင်သတိပေးခြင်းမရှိဘဲ ပစ်ခတ်ခဲ့ ကြောင်း မျက်မြင်တစ်ဦးက အယ်လ်ဂျာဇီယာသို့ပြောသည်။
အဆိုပါမျက်မြင်ကအယ်လ်ဂျာဇီယာကို ဖုန်းဆက်သတင်းပေးနေစဉ် သေနတ်ပစ်ခတ်သံများနှင့် ဒဏ်ရာရသူများ၏ အကူအညီတောင်းအော်ဟစ်သံများကို ဖုန်းမှတစ်ဆင့်ကြားနေရသည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လီနာမန်ဆာက အယ်လ်ဂျာဇီယာသို့ပြောကြားရာတွင် “ဟုမ်းမြို့မှာ ၁၀ ယောက် လောက်သေဆုံးသွားပါတယ်။ ဒဏ်ရာရသူလည်း ၁၀ ယောက်လောက်ရှိပါတယ်။”
သူကဆက်လက်၍ ဒဏ်ရာရသူများကို အပြင်ဆေးခန်းများနှင့် အိမ်များသို့သာ သယ်ဆောင်သွားကြကြောင်း၊ အစိုးရ ဆေးရုံသို့တင်လျှင် ထောက်လှမ်းရေးများကဆေးရုံပေါ်အထိလိုက်လံဖမ်းဆီးမှုကို ယခင်ကခံခဲ့ရဖူးသောကြောင့်ဖြစ်ကြောင်း ပြောပြသည်။
ဆီးရီးယားအရေးအခင်းတွင် အခက်အခဲဖြစ်နေသောကိစ္စမှာ အဖမ်းခံရသော မိမိတို့မိသားစုဝင်၊ မိတ်ဆွေ၊ သူငယ်ချင်း များ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းမသိခြင်းပင်ဖြစ်သည်ဟု မန်ဆာကပြောသည်။
“အခုအချိန်ထိဆို ပျောက်ဆုံးနေတဲ့သူ ရာဂဏန်းပေါင်းများစွာရှိနေပြီ။ အဖမ်းခံရတဲ့လူတွေဟာလည်း အနှိပ်စက်ခံရတာ ပဲ။ လူတွေကို ကြုံသလိုဖမ်းသွားတာပဲ၊ ဘယ်သူတွေရှင်လို့ ဘယ်သူတွေ သေလဲဆိုတာလည်း မသိရဘူး။”
ဆေးရုံတွင်ဆေးဝါးနှင့် ကုသမှုအခြေအနေများမှာလည်းဆိုရွားကြောင်း၊ ဆေးဝန်ထမ်းများကလည်း ကောင်းစွာကုသပေး ၍ရသော အခြေအနေတွင်မရှိကြောင်းဆိုသည်။
“ဆီးရီးယားမှာရှိနေတဲ့ဆေးရုံတွေဟာ ဒဏ်ရာရသူအများအပြားကို ကုသပေးနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဆရာဝန်တွေ ကိုလည်း ဒဏ်ရရသူတွေကို ကုသခွင့်မပေးဘူး။ ဒဏ်ရာရသူတွေ အပြည့်တင်ဆောင်ထားတဲ့ ဆေးရုံကားကိုတောင် ရဲတွေက တိုက်ခိုက်ပါတယ်။”
အခြား လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှေ့နေ ရာဇန်ဇိုင်တူးနာက သောကြာနေ့ကစ၍ သေဆုံးသူ ၅၈ ယောက်ရှိပြီ ဖြစ်ကြောင်း၊ နာရီနှင့်အမျှ သေဆုံးသူတိုးပွားလျက်ရှိကြောင်း အယ်လ်ဂျာဇီယာသို့ သတင်းပို့သည်။
သူမတို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် ဟုမ်းမြို့တွင် အသတ်ခံရသော ဆန္ဒပြသူ ၁၁ ယောက်ကို နာမည်များ နှင့်တကွသိရှိရပြီး သေဆုံးသူအရေအတွက်မှာ ထို့ထက်များပြားလိမ့်မည်ဖြစ်ကြောင်း၊ အခြားနေရာများရှိဆေးရုံများကိုဆက်သွယ် မရသေးသဖြင့် သေဆုံးသူအရေအတွက်ကို မသိရသေးကြောင်းပြောသည်။
“ကျွန်မတို့သေချာနားလည်ထားရမှာက အကြမ်းဖက်နေတာက တစ်ဖက်သတ်ပါ။ လမ်းပေါ်မှာဆန္ဒပြနေတဲ့လူတွေက ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေကြတာပါ။ ဒါကို အစိုးရကအကြမ်းဖက်နှိမ်နင်းနေတာပါ။ ဒီလို အစိုးရက အကြမ်းဖက်နှိမ်နင်းနေတာကို ဘယ်သူကတားဆီးပေးနိုင်လဲ။ လွတ်လပ်ခွင့်အတွက်ငြိမ်းချမ်းစွာတောင်းဆိုနေတဲ့ လူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်နေတာကို ရပ်တန့်ပေးရမှာ အစိုးရကိုယ်တိုင်ပါပဲ။”
ဇိုင်တောင်နာကဆက်လက်၍ အစိုးရဘက်မှပြည်သူလူထုနှင့် စေ့စပ်ဆွေးနွေးရန်အခွင့်အရေးများစွာရှိခဲ့ပြီး သွေးထွက် သံယိုသတ်ဖြတ်နှိမ်နင်းမှုများကို အချိန်မနှောင်းမီ ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်းပြောသည်။
“နောက်ပိုင်း အာဆက်အစိုးရက လူထုနဲ့ စေ့စပ်ဆွေးနွေးဖို့ ဆုံးဖြတ်ထားလား ဆိုတာကျွန်မမသိပါဘူး။ အဲဒီလို ဆုံးဖြတ် ထားလို့ ကမ်းလှမ်းလာပြီဆိုရင်တောင်မြေကျခဲ့ရတဲ့သွေးတွေအတွက်၊ သတ်ဖြတ်နှိမ်နင်းခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဒါကို ဆီးရီးယားတွေက လက်ခံမလား၊ မခံနိုင်ဘူးလားဆိုတာလည်း ကျွန်မ မသိပါဘူး။”
ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အင်စန်မှပြောကြားချက်အရ သောကြာနေ့ဆန္ဒပြပွဲတွင် သေဆုံးသူ ၄၇ ဦးရှိပြီး သေဆုံးသူများ၏ နာမည်များကိုလည်းကောက်ခံစုဆောင်းထားကြောင်းသိရသည်။
ဟုမ်းမြို့ဈာပနတွင်ဂရင်းဗလီမှ ထွက်လာသူများကို ရဲများကပစ်ခတ်ပြီး လူစုခွဲရန်ကြိုးပမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် လူအုပ်ကြီးမှာပိုမိုကြီးမားလာသဖြင့် တင့်ကားများအတွင်းရဲများပြန်လည်ဝင်ရောက်သွားကြောင်း မျက်မြင်တစ်ဦးကဆိုသည်။
မြို့တစ်ခွင်ရှိ ဗလီများတွင် ဈာပနပွဲများ၌ လူစုလူဝေးအလွန်ကြီးမားကြောင်းအဆိုပါမျက်မြင်သက်သေကပင်ပြောသည်။
“တစ်စုချင်းစီကိုက အင်အားကောင်းပြီးသားဆိုတော့ ကျွန်တော်တို့တွေ အားလုံးစုဝေးလိုက်တဲ့ အခါမှာ အလွန်အားကောင်းတဲ့ အင်အားစုကြီးတစ်ရပ်ဖြစ်သွားပြီး အကောင်းဆုံးအင်အားပြသမှုဖြစ်ခဲ့ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကျွန်တော်တို့နဲ့အတူ ဈာပနအခမ်းအနားမှာ ပူးပေါင်းချီတက်ကြဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခဲ့ပါတယ်။ လူတွေကလည်း လိုက်ပါလာ ကြပါတယ်။”
စနေနေ့ ဆန္ဒပြပွဲလူစုလူဝေးသည် အောက်ခြေလူတန်းစားများကပါအစိုးရဆန့်ကျင်ရေးကို အားပေးထောက်ခံလာ ကြောင်းပြသမှုတစ်ခုဖြစ်ခဲ့သည်။ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရဲများလက်ချက်ဖြင့်သေဆုံးသူဦးရေမှာလည်း ၈၅၀ ကျော်သွား ပြီးဖြစ်သည်။
ဆီးရီးယားအစိုးရ၏ တင်းကြပ်ထားမှုကြောင့် အယ်လ်ဂျာဇီယာအနေနှင့်ကိုယ်တိုင်သတင်းသွားရောက်ရယူနိုင်ခြင်းမရှိ သဖြင့် ကြားသိရသည့်သတင်းများအပေါ်အတည်ပြုပေးနိုင်ခြင်းမရှိပါ။
Source: Al Jazeera
0 comments:
Post a Comment