Saturday, May 21, 2011

စပိန်ဆန္ဒပြပွဲ

တနင်္ဂနွေနေ့တွင် ဒေသရွေးကောက်ပွဲကျင်းပရာ မက်ဒရစ်မြို့လယ်ရင်ပြင်တွင် ဆန္ဒပြသူ ၂၀၀၀၀ ခန့်စုရုံးဆန္ဒပြခဲ့ကြသည်။
ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒပြခြင်းမပြုရန်ဥပဒေအရတားမြစ်ထားသော်လည်း ဤသို့ဆန္ဒပြပွဲပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရားရုံးချုပ်၏အမိန့်ဖြင့် ထိုတားမြစ်ဥပဒေက ညသန်းခေါင်ကစ၍ အသက်ဝင်ခဲ့သည်။
“ကျွန်တော်ဆိုရင် ခရီးသွားလုပ်ငန်းဘာသာရပ်နဲ့ကျောင်းပြီးထားပေမယ့် စပိန်မှာအလုပ်ရဖို့မရှိပါဘူး။ ဒါကြောင့် အခုလို ဆန္ဒပြနေခြင်းဖြစ်ပါတယ်။” အသက်၂၅ နှစ်အရွယ် အင်မာမိုရန်နိုကပြောသည်။
“ဒီလိုဆန္ဒပြမှုကြောင့် တစ်ခုခုတော့လွဲချော်နေပြီဆိုတာ နိုင်ငံရေးသမားတွေ သတိပြုသင့်ပါတယ်။”

သောကြာနေ့က အချို့သောဆန္ဒပြသူလူငယ်များက စပိန်ဘာသာဖြင့် “လော့ အင်ဒစ်နာဒို့” (အမျက်ဒေါသ)ဟုအမည်ပေးထား
ကြောင်း၊ ဆန္ဒပြပွဲကို ရဲက အင်အားသုံးဖြိုခွင်းမည်ကို စိုးရိမ်ကြောင်း ရိုက်တာသတင်းသို့ပြောသည်။
သို့သော် တနင်္ဂနွေရွေးကောက်ပွဲတွင် အာဏာရ ဆိုရှယ်လစ်များအရေးနိမ့်ခဲ့သည်။ ဆန္ဒပြမှုကို ဥပဒေအရတားမြစ်ထား ခြင်းကိုချိုးဖေါက်ဆန္ဒပြကြသော်လည်း ထိုအတွက်ရဲကိုတာဝန်ပေးဖြေရှင်းခိုင်းခြင်းပြုမည်မဟုတ်ဟုဆိုသည်။
“ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ရဲတွေကနောက်ထပ်ပြဿနာတစ်ခုကို မဖန်တီးဖို့လိုပါတယ်” ဟုပြည်ထဲရေးဝန်ကြီး အယ်လ်ဖရက်ဒို ရူဘယ်ကာဘာက သတင်းထောက်များကိုပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း အလုပ်လက်မဲ့ဦးရေ ၂၁.၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေသော စပိန်နိုင်ငံအတွက် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသော စပိန်ဝန်ကြီးချုပ် ဟိုဆေး လူးဝစ်ရော်ဒရီဂတ် ဇာပါတာရိုက ဆန္ဒပြသူများကို လေးစားပါ ကြောင်းပြောကြားခဲ့သည်။
အကယ်၍ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းလျှင် အာဏာရဆိုရှယ်လစ်များအတွက် အလားအလာမကောင်းနိုင် ကြောင်း အကဲဖြတ်များက သုံးသပ်ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။