Friday, May 20, 2011

တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီ ဥက္ကထ ရာထူးမှနှုတ်ထွက်


ဖူကူရှီးမားနျူကလီးယားဓါတ်ပေါင်းဖို
တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ - The Tokyo Electric Power Company (TEPCO) - သည် သောကြာနေ့က ယင်းတို့၏ ဆုံးရှံး မှုကို ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဥက္ကဋ္ဌ မာဆာတာကာ ရှီမီဇု နှုတ်ထွက်လိမ့်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ TEPCO ဂျပန်အကြီးဆုံးစွမ်းအင်ကုမ္ပဏီဖြစ်ပြီး မတ်လ ငလျင်နှင့် ဆူနာမီကြောင့်အကြီးမားဆုံး၊ ဆုံးရှုံးမှုအနေနှင့် ဒေါ်လာ ၁၅ ဘီလီယံဆုံးရှုံးခဲ့သည်။
မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်နှင့် ဆူနာမီတို့ကြောင့် ကုမ္ပဏီ၏နျူကလီးယားဓါတ်ပေါင်းဖို ပျက်စီးခဲ့ရပြီး နျူကလီးယား အရေးအခင်းနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် သူ့တွင်တာဝန်ရှိကြောင်း တိုကျိုဌာန ချုပ်မှနေ၍ ဥက္ကဋ္ဌ ရှီမီဇုကတောင်း ပန်ခဲ့သည်။
   “ဒီလိုဖြစ်ခဲ့ရမှုအတွက် ကျွန်တော်တာဝန်ခံလိုပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်နဲ့အကောင်း ဆုံးဖြစ် အောင်ပြန်လည် တည်ဆောက်နေပါတယ်။” ဟူ၍ သတင်းထောက်များကို ပြောကြားရာတွင် ကိုယ်ကို ကိုင်းညွှတ်တောင်းပန်ရင်းပြောကြားခဲ့သည်။
          ဇွန်လအတွင်း ပြုလုပ်မည့်အစုရှယ်ယာဝင်များအစည်းအဝေးတွင် ရှီမီဇု နေရာတွင် စီမံညွှန်ကြားရေးမှူး တိုရှီအို နီရှီဇာဝါနှင့် အစားထိုးကာ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်မည်ဖြစ်သည်။လူထောင်ပေါင်းများစွာပြောင်းရွှေပေး ခဲ့ရပြီး ရေဒီယိုသတ္တိကြွနှုန်းမှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ဖြစ်သော ကြောင့် ကုမ္ပဏီ၏လုပ် ကိုင်နေ မှုများကိုပြစ်တင်ဝေဖန်ခံနေရလျှက်ရှိသည်။
  “နျူကလီးယားပြဿနာကို TEPCO ကကိုင်တွယ်နေပုံနေပုံတွေအတွက် အစိုးရက ပြစ်တင်ဝေဖန်လျှက်ရှိ ပါတယ်။” ဟူ၍ အယ်လ်ဂျာဇီယာ သတင်းထောက် လော်ရာကိုင်းလ်က တိုကျိုမှသတင်းပေးပို့ခဲ့သည်။
ဖူကူရှီးမားရှိပျက်စီးသွားသောဓါတ်ပေါင်းဖိုလေးလုံးကို လုံးဝပိတ်ပစ်လိုက်တော့မည်ဖြစ်ကြောင်း TEPCO ကလည်းကြေငြာခဲ့သည်။ယခုကဲ့သို့ နျူကလီးယားပြဿနာနှင့် ရင်ဆိုင်ရသောကြောင့် ဂျပန်တွင်အနာ ဂတ် နျူကလီးယားစွမ်းအင်အတွက်အခြေအတင်ပြောဆိုမှုများ ပေါ်ပေါက်လျှက်ရှိသည်။

ကုမ္ပဏီ၏ အကြီးအကျယ်ဆုံးရှံးမှုမှာ ဂျပန်စာနယ်ဇင်းများတွင် ထိပ်တန်းဖြစ်လျက်ရှိသည်။ အသားတင်ဆုံးရှံးမှု ယန်း တစ်ထရီလီယံရှိမည်ဟု နစ်ကီးသတင်းစာက ခန့်မှန်းပြီး ယိုမီယူရီသတင်းစာက ၁.၅ ထရီလီယံရှိမည်ဟု ခန့်မှန်းသည်။
နှစ်ခြောက်ဆယ်အတွင်း အကြီးမားဆုံး၊ ဆုံးရှုံးမှုဖြစ်ပြီး ပျက်စီးသွားသောဓါတ်ပေါင်းဖို များပြန်လည်ပြင် ဆင်စားရိတ်နှင့် အခွန်များကာလဆိုင်းပေးထားမှုကို ပယ်ဖျက်လိုက်ခြင်းတို့ အပြင် လျော်ကြေးငွေ များ ပေးရခြင်းကြောင့် နှစ်ပေါင်းများစွာအမြတ် အစွန်းများကို ထိခိုက်စေခဲ့သည်။
“ဒီနေ့ပြောတဲ့ ဆုံးရှုံးမှုငွေကြေးပမာဏထဲမှာ နျူကလီးယားဓါတ်ပေါင်းဖိုအန္တရာယ်ကြောင့် ကီလို ၂၀-၃၀ ကနေပြောင်း ရွှေ့ပေးလိုက်ရတဲ့ လူပေါင်း ၈၀ ၀၀၀ ကိုပေးရမယ့်လျော်ကြေးတွေမပါသေးပါဘူး။ TEPCO ကိုပြန်လည်တည်ဆောက်ရေး အတွက် အစိုးရက မတည်ငွေထုတ်ပေးရေးဆိုတာကိုလည်း အခွန်ထမ်း ဂျပန်တွေက သဘောတူမှာမဟုတ်ပါဘူး။ အခြေအနေ ကတော့ကိုင်တွယ်ရအင်မတန်ခက်ခဲမယ့် ပုံပါပဲ။” ဟူ၍အယ်လ်ဂျာဇီယာသတင်း ထောက် က ဆိုသည်။
ပြောင်းရွှေ့လိုက်ရသောလူများကို ယခုနှစ်မှစ၍ ၂၀၁၂ မတ်လအတွင်း လျော်ကြေးပေးဖို့နဲ့ အခြားပေး ရန်ရှိသည်များကို ပေးရန်မည်၍မည်မျှပေးမည်ဟူ၍ ကုမ္ပဏီမှ ကမ်းလှမ်းချက်ထွက်ပေါ်မလာသေးပေ။
ကုမ္ပဏီက လူများကိုလျော်ကြေးပေးနိုင်ရန်အခွန်ကောက်ခံရရှိသောနိုင်ငံတော်ဘဏ္ဍာမှ အစိုးရက ကူညီကာ ရံပုံငွေထူ ထောင်ပေးရန် သဘောတူညီချက်တစ်ရပ်ကိုမူ လွန်ခဲ့သောအပတ်က ရရှိခဲ့သည်။
သို့သော် ပေးလျော်ရန်ငွေကြေးမည်မျှလိုအပ်မည်ကိုမူကုမ္ပဏီကတွက်ချက်ထားခြင်းမရှိသေးပေ။ သုံးသပ် အကဲခတ်သူ များကမူ ဒေါ်လာ ၂၅ ဘီလီယံမှ ၃၀ ဘီလီယံအထိရှိနိုင်ကြောင်းတွက်ချက်ထားကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။