Thursday, July 28, 2011

အေးရှားနား ကုန်တင်လေယာဉ်တစ်စီး တောင်ကိုရီးယားတွင် ပျက်ကျ


တော်ကိုရီးယားနိုင်ငံ တော်ပိုင်း ပင်လယ်ကမ်းခြေ တစ်ခုဖြစ်သော ဂျီဂျူကျွန်းတွင် ကုန်တင်လေယာဉ် တစ်စင်း တိမ်းမောက်ခဲ့သည်။


"ရှာဖွေရေးသမားများ တွေ့ရှိခဲ့ရတဲ့ အပျက်အစီး တချို့ အရ လက်ရှိ လေယာဉ်သည် အေးရှားနား (ASIANA) လေကြောင်လိုင်းမှ ကုန်တင်လေယာဉ်တစ်စီး ဖြစ်ပြီး ကြာသာပတေးနေ့တွင် ပျက်ကျခဲ့တာဖြစ်ကြောင်း" ဒေသခံ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။


ပျက်ကျသွားခဲ့သော လေယာဉ်အတွင်း လေယာဉ်မောင်းသမားနှင့် လက်ထောက် ၂ဦးသာ ပါရှိကြောင်း သိရသည်။ 

ဂျီဂျူကျွန်း လုံခြုံရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ချွဲကျူမိုက "ဂျီဂျူ အပန်းဖြေစခန်း၏ အရှေ့ ဘက် တစ်လျှောက်လုံးကို သဘောင်္လေးစီး၊ ရဟတ်ယာဉ်တစ်စီးတို့နဲ့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။" ဟု ပြောကြားသွားခဲ့သည်။


 ယွန်းနပ် သတင်းဌာန၏ ကမ်းခြေစောင့် အဖွဲ့တစ်ချို့ မှ ကိုးကားဖော်ပြချက်အရ "၄င်းတို့ ကင်းလှည့်နေစဉ် အတွင်း အပျက်အစီးတစ်ချို့ အား တွေ့ရှိခဲ့ကြောင်း ယင်းအပျက်အစီးများအရ ပျက်ကျသွားခဲ့သော လေယာဉ်သည် အေးရှားနား လေကြောင်းလိုင်းမှ ဖြစ်ကြောင်း၊ ယင်းလေကြောင်းလိုင်းသည် တောင်ကိုရီးယား၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းတစ်လိုင်း ဖြစ်ပြီး ဂျီဂျူ ကျွန်း၏ အနောက်ဖက် ၁၇၀ကီလိုမီတာ အကွာအဝေးလောက်မှာ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း" တွေ့ရသည်။


ယင်းလေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ တရုတ်နိုင်ငံ ပူဒေါင်းမြို့ သို့ ထွက်ခွာရန် အစီအရင်ခံထားသော ကုန်တင်လေယာဉ် တစ်စီး ဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။