Thursday, July 28, 2011

အစိုးရတပ်များနှင့် သူပုန်များ လစ်ဗျားအရှေ့ ပိုင်းတွင် အပြင်းအထန် တိုက်ပွဲဖြစ်


 

လစ်ဗျား အတိုက်အခံ သူပုန်များသည် အရှေ့ ဘက် တောင်တန်းဒေသတွင် တပ်ဆွဲထားပြီး အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ နယ်စပ်လမ်းကြောင်းဖွင့်ပြီး အစိုးရတပ်များအား တွန်းလှန်ရန် ကြိုးပမ်းလျက်ရှိသည်။ 


ကြာသပတေးနေ့ အာရုဏ်တက် အချိန်လောက်မှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သူပုန်များ နလောက်မြို့ နှင့် ဂျဒူးမြို့   တစ်ဝိုက်တွင် တပ်ဆွဲထားခဲ့သည်။  မိုဟာမက် ကဒါဖီ၏ သစ္စာခံတပ်များအား နဖူဆာ တောင်ခြေအထိ  တွန်းလှန်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

နေ့လည် မွန်းတည့်ချိန်လောက်တွင်  သူပုန်များသည် အယ်လ်ဂျော့ခ်ျမြို့ အား သိမ်းပိုက်နိုင်ခဲ့ပြီး ဂါဇာယာ ပြည်နယ်အပြင်ဘက်ထိ ရောက်ရှိခဲ့သည်။ ဂါဇာယာပြည်နည်သည် ကဒါဖီ၏ တပ်အခြေချရာ   တူနီရှားနယ်စပ် တစ်နေရာဖြစ်သည်။

 သူပုန်တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကာ ဒေသခံ ၁၈ယောက်အား ဖမ်းဆီးထားခဲ့ကြောင်း သူပုန်များဘက်မှ ပြောပြခဲ့သည်။

အယ်လ်ဂျာဇီးယား သတင်းထောက် ဂျမ်းစ်ဘေ၏ အယ်လ်ဂျောခ်ျမြို့ အား သိမ်းပိုက်ထားသော သူပုန်ခေါင်းဆောင်တစ်ဦးအား မေးမြန်းချက်အရ "အစက ဒီမြို့ ကို သိမ်းပိုက်ပြီး ဆက်လက် ချီတက်မလို့ပဲ ဒါပေမယ့် အံ့သြစရာကောင်းတဲ့ တန်ပြန်တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပါတယ်။" ဟု သိရသည်။


အမြောက်တပ်တွေနဲ့ ကဒါဖီရဲ့  သစ္စာခံတပ်တွေကိုရှင်းထုတ်ခဲ့သည်။ အချို့ အစိုးရတပ်များ မြို့ ထဲတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ သပုန်များအား မြို့ ထဲဝင်ရောက်ချိန်တွင် အစိုးရတပ်များမှ အဆင့်မြင့် ဒုံးချည်များနှင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဇာယာမြို့ အား သူပုန်များက အမြောက်ကားများဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး  အဝေးပြစ် သေနတ်များဖြင့်လည်း ဗုဒ္ဓဟူးနေ့ ညတစ်ညလုံး ပစ်ခတ်ခဲ့ကြောင်း သူပုန်များဘက်မှ ပြောပြသွားခဲ့သည်။


သူပုန်များ ဂါဇာယာမြို့ အား မွန်းတည့်ချိန်လောက်ထိ တိုက်ခိုက်ခဲ့ရပြီး သူပုန်များက တာကွတ်မြို့ အနီးထိ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားသွားခဲ့သည်။

 ရာပေါင်းများစွာသော သူပုန်များအား ကားများဖြင့် သယ်ယူလာခဲ့ပြီး အယ်လ်ဂျော့ခ်ျမြို့ တွင် နေရာချထားကြောင်း သိရသည်။


လက်ရှိတိုက်ပွဲသည် သူပုန်များအတွက် နာဖူဆာ တောင်ပေါ်ဒေသ တလျှောက်တွင် သဘောထားကွဲလွဲမှုများ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး အကြီးမားဆုံး တွန်းလှန်ခဲ့သော စစ်ပွဲတစ်ပွဲဖြစ်သည်။
 

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။