Thursday, September 22, 2011

ဂျပန် ဖိုးရာကျော်၊ ဖွားရာကျော်ဦးရေ စံချိန်တင်

အသက် ၁၁၄ နှစ်ရှိ ဂျပန်ဖိုးသက်ရှည်ဂျာရူးမွန်ကီမူရာ 

အင်္ဂါနေ့တွင် ကျရောက်သည့် “သက်ကြီးပူဇော်ပွဲနေ့” မတိုင်မီ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှပြုလုပ်သော စစ်တမ်းအရ ယခုနှစ် တွင် ဂျပန်နိုင်ငံ၌ အသက် ၁၀၀ နှင့် အထက် ဘိုးဘွားဦးရေ ၄၇,၀၀၀ အထိရှိလာကာ စံချိန်သစ်တင်ရန်မျှော်လင့်ထားသည်။
စစ်တမ်းအရ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ သက်ရာကျော်ဘိုးဘွားအရေအတွက် ၄၇,၇၅၆ ဦးရေရှိပြီး လွန်ခဲ့သည့်နှစ်က ထက် ၃,၃၀၇ ဦးရေတိုးတက်လာကာ ၄၁ နှစ်မြောက်ဆက်တိုက် တိုးတက်ခြင်းဖြစ်သည်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင် အသက် ၁၁၄ နှစ်ရှိ ဂျာရူးမွန်ကီမူရာ အပါအဝင်ဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။