Monday, September 26, 2011

ဂျပန်ကုန်သွယ်ရေးဝန်ကြီးသစ်နှုတ်ထွက်


အစိုးရသက်တမ်း ရှစ်ရက်သာရှိသေးပြီး ဆူနာမီနာလံထ လုပ်ငန်းတွေကို ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂျပန်အစိုးရသစ်ရဲ့ ကုန်သွယ်ရေးဝန်ကြီးသစ်တစ်ယောက်ဟာ မတ်လ ၁၁ ရက် နေ့သဘာဝဘေး အန္တရာယ်ကြောင့် ဖူကူရှီးမားနျူကလီးယား စက်ရုံ ပျက်စီးယိုယွင်းပြီး ဓါတ်ရောင်ခြည် သင့်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ လူတွေ အပေါ်မှာ အစာနာကင်းမဲ့စွာ ပြောဆိုလိုက်တယ်လို့ အဝေဖန်ခံရတာကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။
“ကျွန်တော့်စကားတွေက လူတွေအကြားမှာအယုံအကြည်မဲ့စရာဖြစ်သွားပါတယ်။ အထူးသဖြင့် ဖူကူရှီးမားဒေသက လူတွေအတွက်ပေါ့ဗျာ။”
လွန်ခဲ့တဲ့ညက သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီး နှုတ်ထွက်သွားတဲ့ ဝန်ကြီးယိုရှီအိုဟာချီရိုကပြောဆိုလိုက်ပါတယ်။
“ကျွန်တော့်စကားကို ကျွန်တော်တာဝန်ယူပါတယ်။ အဲဒီအတွက် နှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။”

ညနေခင်းအစည်းအဝေးမှာ ဝန်ကြီးချုပ်သစ် ယိုရှီဟီကိုနိုဒါကို သူနှုတ်ထွက်တော့မယ့်အကြောင်းအသိပေးပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်သစ်နိုဒါကလည်းလက်ခံခဲ့ပါတယ်။ နိုဒါဟာ စက်တင်ဘာလ ၂ ရက်နေ့မှာ ဝန်ကြီးအဖွဲ့သစ်ကို ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ပြီး ငလျင်နဲ့ ဆူနာမီဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ မီယာဂီနဲ့ အီဝါတာနယ်တွေကို သွားရောက်ခဲ့ပါတယ်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။