Monday, September 26, 2011

ရထားရှေ့ခုန်ချ သတ်သေ

ရှင်ကိုအိဝ ဘူတာရုံမြင်ကွင်း

ရှင်ကိုအိဝ ဘူတာတွင်းကို ဝင်ရောက်လာတဲ့ နာရီတာလေဆိပ်သွား အမြန်ရထားတစ်စီးရှေ့ကို ပလက်ဖေါင်းပေါ်ကနေခုန်ချပြီး အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အကြောင်း တနင်္လာနေ့မှာ ရဲက ပြောကြားခဲ့ပါတယ်။ ဒီအမျိုးသမီးအပါ အဝင်ဆိုရင် အဲဒီဘူတာမှာ ခုန်ချသတ်သေသူ ဇူလိုင်လကနေစပြီးတော့ ၅ ယောက်ရှိသွားပါပြီ။

ဖူဂျီရုပ်မြင်သံကြားသတင်းက ကြေငြာချက်အရတော့ အသက် ၄၅ နှစ်ရှိတဲ့ တိုကျို အီဒိုဂါဝါရပ်ကွက်မှာနေတဲ့ အမျိုးသမီးတစ်ဦး လို့သိရပြီးတော့ အခုအချိန်ထိတော့ နာမည်အတိအကျ မထုတ်ပြန်သေးပါဘူး။ မျက်မြင်သက်သေတွေက သူမဟာ မနက် ၁၁ နာရီလောက်မှာ ခုန်ချသတ်သေသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျူလိုင်လ ၁၂ ရက်နေ့ကလည်း ဒီလိုပဲအမျိုးသမီးတစ်ဦး ရထားရှေ့ခုန်ချသတ်သေခဲ့ရာမှာ အနီးအနားမှာရှိနေတဲ့လူ လေးယောက်လည်း ဒဏ်ရာရသွားပါတယ်။ ရထားက တက်ကြိတ်လိုက်လို့ ပြတ်ထွက်လာတဲ့ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ က အရှိန်ပြင်းပြင်းနဲ့ ပလက်ဖေါင်းပေါ်မှာရှိနေတဲ့ လမ်းဘေးဈေးဆိုင်က မှန်တွေကိုရိုက်ခွဲသွားလို့ဖြစ်ပါတယ်။

နောက်နေ့မှာပဲယောင်္ကျားတစ်ယောက် ထပ်ပြီးခုန်ချသတ်သေခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာလည်း အဲဒီဘူတာမှာ သတ်သေမှု နှစ်ခုဖြစ်ခဲ့ပါတယ်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။