Monday, November 28, 2011

ဂျပန် တဏှာအိုးများ ပြဿနာ

ဂျပန်နိုင်ငံတွင် အမျိုးသမီးများအား မတော်မတရားချောင်းမြောင်းလေ့ရှိသဖြင့် ဂျပန်ရဲများက အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

ဤသို့ မတော်တလျှော်လိုက်လံချောင်းမြောင်းကြည့်ရှုလေ့ရှိသူများသည် နောက်ဆုံးပေါ်နည်းပညာသုံးကင်မရာများ၊ ဗွီဒီယိုကင်မရာများကို အသုံးပြုကာ အမျိုးသမီးများ၏ စကတ်အောက်ပိုင်းကို ပစ်မှတ်ထား၍ ဓါတ်ပုံများ၊ ဗွီဒီယိုများ ရိုက်ကူးကာ ဖြန့်ဝေကြသည်။ ထိုသူများကို ဂျပန်လို ချီကန် ဟုခေါ်သည်။
နိုင်ငံအဝှမ်း စစ်တမ်းကောက်ယူပြီးလေ့လာချက်အရ ဤပြဿနာမှာလွန်ခဲ့သော ငါးနှစ်ကထက် ၆၀% တိုးပွားလာ ခဲ့သဖြင့် လူထုအားနှိုးဆော်သတိပေးခြင်းလုပ်ငန်းများလုပ်ဆောင်သွားမည်ဟု အမျိုးသားရဲအေဂျင်စီက ကြေငြာလိုက် သည်။
၂၀၀၆ ခုနှစ်အတွင်းက မီးရထားများ၊ ဘူတာရုံများ၊ ဓါတ်လှေကားများ၊ ဈေးဆိုင်များ၊ အများသုံးအိမ်သာများနှင့် အများသုံးရေချိုးခန်းများ အတွင်းမှ ခိုးယူချောင်းမြောင်းဓါတ်ပုံရိုက်မှု ၁,၀၈၇ မှုရှိခဲ့ကြောင်း ရဲများက သတိပေးခဲ့ကြ သည်။
လွန်ခဲ့သောနှစ် ဧပြီလ ၁ ရက်နေ့တွင် ၁,၇၄၁ မှုအထိတိုးတက်သွားခဲ့သည်။ ယင်းတို့ထဲမှ ၁,၇၀၂ မှုမှာ အမျိုးသမီး များ၏ စကတ်ကိုလှန်၍ ရိုက်ကူးထားသောပုံများဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။