Monday, November 28, 2011

ပစိဖိတ်ဒေသပူးတွဲဆောင်ရွက်ရေးဆွေးနွေးပွဲတက်ရောက်ရေး ဂျပန်စဉ်းစား


ယိုမီအူရီရှင်ဘန်းသတင်းစာမှ ပြုစုလိုက်သော စစ်တမ်းအရ ပစိဖိတ်ဒေသပူးတွဲဆောင်ရွက်ရေး(TPP) ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၏ ဆုံးဖြတ်ချက်ကို စစ်တမ်းဖြေဆိုသူ ၅၀% ကျော်က ထောက်ခံ ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးပွဲတွင် နိုင်ငံအများပါဝင်သော လွတ်လပ်ကုန်သွယ်ရေးဆိုင်ရာ အခြေခံမူများကို ဆွေးနွေးကြ မည်ဖြစ်ပြီး ၅၁% ရာခိုင်နှုန်းက ထောက်ခံပြီး ၃၅% က ကန့်ကွက်ကြသည်။
နိုင်ငံအဝှမ်းတယ်လီဖုန်းဖြင့် စစ်တမ်းကောက်ယူခဲ့ရာတွင် အိမ်ပေါင်း ၁,၇၀၃ အိမ်သို့ဆက်သွယ်ခဲ့သည်။ ယင်းတို့ထဲ မှ ၁,၀၅၈ ဦးပြန်လည်ဖြေဆိုခဲပြီး အကျုံးဝင်သောအဖြေ ၆၂% ရရှိခဲ့သည်။

အစိုးရ၏ လွတ်လပ်စွာကုန်သွယ်ဖေါက်ကားခြင်း၏ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတွင်း စိုက်ပျိုးရေး အပြိုင်အဆိုင်ရှိလာစေရန် အားပေးမည့် အစီအစဉ်ကို ၅၇% က ထောက်ခံသည်။ သို့သော် ၂၄% က ကန့်ကွက်သည်။

ပါတီစွဲနှင့် ပတ်သက်၍မူ ၆၆% က အာဏာရဒီမိုကရက်တစ်ပါတီ၏ ဆွေးနွေးပွဲတက်ရောက်ရေးကို ထောက်ခံပြီး ပါတီစွဲမရှိသူများအတွင်း ဖြေကြားရာတွင် ၄၅% က ထောက်ခံကာ ၃၇% က ကန့်ကွက်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူများအကြားတွင် ၄၅% ကထောက်ခံပြီး ၄၆% က ကန့်ကွက်သည်။

ဖြေဆိုသူ ၈၆% က နိုဒါသည် ၎င်း၏မူဝါဒများကို ပြည်သူများကြားရှင်းရှင်းလင်းလင်း ဖေါ်ထုတ်ပြသခြင်းမရှိကြောင်း ဆိုသည်။ ထို့ကြောင့် ယခု TPP ဆွေးနွေးပွဲတက်ရောက်ရေးနှင့် အခြားသော အရေးကြီးသည့် နိုင်ငံရေးကိစ္စရပ်များ အား ပြည်သူများက ရှင်းရှင်းလင်းလင်းပြောဆိုသင့်ကြောင်း သိရသည်။

မတ်လ ၁၁ ရက် သဘာဝဘေးဒဏ်ခံဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် အခွန်တိုးမြှင့်ကောက်ခံနိုင်မည့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ၅၇% ကထောက်ခံပြီး ၃၆% က ကန့်ကွက်သည်။

ဒီမိုကရက်တစ်ပါတီအား ထောက်ခံမှုနှုန်းထားမှာမူ လွန်ခဲ့သော စစ်တမ်းတွင် ၂၄% ရှိခဲ့ပြီး ယခုစစ်တမ်းတွင် ၂၈% သို့တိုးတက်လာခဲ့သည်။ လစ်ဘရယ်ဒီမိုကရက်ပါတီအားထောက်ခံမှုမှာလည်း ၂၀% မှ ၂၃% သို့တိုးတက်လာခဲ့ သည်။

သို့သော် နောက်လာမည့် အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မည်သည့်ပါတီကိုမဲပေးမည်နည်းဟု မေးမြန်းရာ တွင် ၂၅% က ဒီမိုကရက်တစ်ပါတီကို ရွေးချယ်ပြီး ၂၈%က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကိုရွေးချယ်သည်။

လွန်ခဲ့သောစစ်တမ်းတွင် ၂၁% က ဒီမိုကရက်တစ်ပါတီကို ရွေးချယ်ခဲ့ကြပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ၂၄% က ရွေးချယ်ခဲ့ကြသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။